ပခုက္ကူမြိုနယ် ရေကြီး


ပခုက္ကူမြိုနယ်တွင် ဧရာဝတီ မြစ်ရေ ဝင်ရောက်မှုကြောင့် အခြေခံညာ ကျောင်းများ ပိတ်ထားရ


ပခုက္ကူ သြဂုတ် ၂

ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် အခြေခံပညာ ကျောင်း ၅၂ကျောင်း၊ ပိတ်ထား ရပြီးလူနှင့် တိရိစ္ဆာန်များလည်း ဘေးလွတ်ရာသို့ ရွေ့ပြောင်းရကြောင်း သြဂုတ် ၂ ရက် ကောက်ခံ ရရှိသော စာရင်းများ အရ သိရသည်။

သြဂုတ် ၁ ရက်နေ့ ညနေအထိ မြို့ပေါ်ရပ်ကွက် ၆ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၂ အုပ်စုမှ အိမ်ခြေ ၅၄၃၈ အိမ်၊ အိမ်ထောင်စု ၆၀၃၃ စု၊ လူဦးရေကျား ၁၃၈၆၇ ဦး၊ မ ၁၅၂၄၀ ဦး စုစုပေါင်း ၂၉၁၀၇ ဦးနှင့်ကျွဲ ၈၁ ကောင်၊ နွား ၈၃၂၁ ကောင်၊ ဝက် ၂၀၂၉ ကောင်၊ ကြက် ၁၆၉၉ ကောင်၊ သိုး ၂၂၁ ကောင်၊ ဆိတ် ၁၀၉၂ ကောင်တို့အား ပြောင်းရွေ့ပေးခဲ့ရပြီး ရေလွတ်ရာ စုရပ်အသီးသီးတွင် နေရာချထားပေးလျက် ရှိကြောင်း သိရသည်။

ပခုက္ကူခရိုင် ပြန်ဆက် ဦးစီးအရာရှိ ဦးဇော်ဌေးအောင်၊ ပခုက္ကူမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်ထူးအောင်၊ အနာဂတ် အလင်းရောင် လူငယ်ဖွံ့ဖြိုးရေး အဖွဲ့မှ ဦးရဲထွဋ်၊ ထနောင်းကုန်း ကျန်းမာရေးဌာနမှ ကျန်းမာ ရေးမှူးနှင့် ကျန်းမာရေး ဌာနခွဲများမှ ဆရာမများသည် သြဂုတ် ၂ ရက်က မြစ်ရေဝင်ရောက်သည့် မယ်ဇလီ ကုန်းအုပ်စု၊ သဲ ချောင်းသာ ဘုန်းတော်ကြီးကျောင်း၌ ၁၆ ဦး၊ ရှားပင်ကိုင်းကျေးရွာ ဓမ္မရုံတွင် ၄၉ ဦး၊ မြင်းဝင်း ဘုန်းတော်ကြီး ကျောင်းတွင် ၄၂ ဦးတို့အား ကျန်းမာရေး စစ်ဆေးပြီး ဆေးဝါးများ ကုသပေးခဲ့သည်။


ထို့နောက် ရှားပင်းကိုင်း ကျေးရွာနှင့် မယ်ဇလီပင် ကုန်းအုပ်စုအတွင်း ကျေးရွာ ၆ရွာအတွက် action aid (Myanmar)နှင့် အနာဂတ်အလင်းရောင် လူငယ်ပရဟိတအဖွဲ့တို့က ၂၀ လီတာဆံ့ရေသန့်ဗူး ၂၀၀ လှူဒါန်း ပေးအပ်ပြီး ကျန်းမာရေးဌာနမှ ဓာတ်ဆားထုပ် (၄၀၀)ထုပ်နှင့် ပြန်ဆက်ရုံးမှ ဦးတင်အောင်ဝင်းက ဓာတ်ဆား ထုပ်(၂၀၀)ထုပ်တို့အားလှူဒါန်းပေးအပ်သည်။

ဒေသခံရေဝင်ပြည်သူများ၏ အဆိုအရယခင်နှစ်ကထက်မြစ်ရေများကြောင်းလှေရှိသည့် အိမ်ထောင်စုများအတွက် သောက်သုံးရေ မခက်ခဲသော်လည်း လှေမရှိသည့်သူများအတွက် ခက်ခဲကြောင်း ရှားပင်ကိုင်းကျေးရွာမှ အမျိုးသမီး တစ်ဦးက ဖွင့်ဟပြောကြားသည်။

ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ပခုက္ကူမြိုနယ် ရေကြီး ပခုက္ကူမြိုနယ် ရေကြီး Reviewed by THITHTOOLWIN on 21:40 Rating: 5
Powered by Blogger.