လူ ၂၀ သေဆုံးခဲ့သည့် ဒက္ကားမြို့ ကဖေးဆိုင် တိုက်ခိုက်မှုကို အဓိက ကြိုးကိုင်သူနှင့် အပေါင်းအပါနှစ်ဦး ရဲစီးနှင်းမှုတွင် သေဆုံး


နိရဉ္စရာ၊ သြဂုတ် ၂၇

ဘင်္ဂလာဒေ့ရှ် နိုင်ငံ ဒက္ကားမြို့တွင် လူပေါင်း ၂၀ သေဆုံးခဲ့သာ ဒက္ကားမြို့ ကဖေးဆိုင် တိုက်ခိုက်မှုကို အဓိက ကြိုးကိုင်သူ စစ်သွေးကြွ ခေါင်းဆောင်နှင့် အပေါင်းအပါနှစ်ဦးတို့ ဘင်္ဂလာ ရဲကွန်မဒိုများ၏ စီးနှင်းမှုတွင်သေဆုံးသွားကြောင်း ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက ပြောသည်။

စစ်သွေးကြွခေါင်းဆောင် တာမိုင်ချော်ဒူရီ (Tamim Chowdhury) နှင့် အပေါင်းပါ နှစ်ဦးတို့ကို နေထိုင်သော နာရာယာဂေါင်ခ်ျ ( Narayanganj) မြို့ Paikpara အရပ်ရှိ သုံးထပ် အဆောက်အဦ တစ်ခုကို ရဲတပ်ဖွဲ့က ယနေ့ စီးနှင်းစဉ် ရဲတပ်ဖွဲ့၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

တာမိုင်ချော်ဒူရီနှင့် အတူ သေဆုံးခဲ့သည့် အဖွဲ့ဝင် နှစ်ဦးထဲ တစ်ဦး၏ ၀မ်းဗိုက်တွင် တရုတ်လုပ် M 22 ဆီးမီးအော်တို ရိုင်ဖယ်တစ်လက်ကို ကြိုးသိုင်းဖြင့် လွယ်လျက် တွေ့ရှိရသည်ဟု ဆိုသည်။


တာမိုင် ချော်ဒူရီသည် ယခုနှစ်ဇူလှိုင်လ ၁ ရက်နေ့က ဒက္ကားမြို့ ဂူလ်ရှန် ( Gulshan) သံတမန် ရပ်ကွက်ရှိ Holey Artisan Bakery ကဖေးဆိုင်ကို စီးနှင်း တိုက်ခိုက်မှုကို အဓိက ကြိုးကိုင်သူဟု ဘင်္ဂလာရဲက သံသယရှိခံထားရသူ ဖြစ်သည်။

၎င်းတိုက်ခိုက်မှုကို IS က သူတို့လက်ချက်ဟု ထုတ်ဖော်ကြေငြာထားပြီး ၎င်းအကြမ်းဖက် စီးနှင်းမှုတွင် နိုင်ငံခြားသား ၁၇ ဦး၊ ရဲနှစ်ဦး အပါအ၀င် လူပေါင်း ၂၀ အသတ်ခံခဲ့ရသည်။

ယင်း ၁၁ နာရီ ကြာမြင့်ခဲ့သော ဓားစာချာံး စီးနှင်းမှုတွင် ဘင်္ဂလာဒေ့ရှ် အထူးကွန်မဒိုတပ်ဖွဲ့ဝင်များက မိုးကြိုး စစ်ဆင်ရေး ဖြင့် ၀င်ရောက်စီးနှင်းပြီး စစ်သွေးကြွ ၅ ဦးစလုံးကို ပစ်သတ်ခဲ့သည်။

ယင်းအကြမ်းဖက်ကို ဦးဆောင်သူမှာ တာမိုင်ချော်ဒူရီ ဖြစ်သည်ဟု ဘင်္ဂလာ အာဏာပိုင်များက ကြေညာထားပြီး သူ့အား သတင်းပေးနိုင်သူကို တာကာ သိန်း (၂၀) ဆုပေးမည်ဟု ထုတ်ပြန်ခဲ့သည်။ တာမိုင် ချော်ဒူရီသည် ဘင်္ဂလာဒေ့ရှ်ဖွား ကနေဒါ နိုင်ငံသား တစ်ဦးဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၂၆ ရက်နေ့ကလည်း ဒက္ကားမြို့ ကာလာယမ်ပူရ် ရပ်ကွက် အဆောက်အဦတစ်ခုတွင် ခိုလုံနေသော အစ္စလာမ်မစ် စစ်သွေးကြွ ၉ ဦးကို အထူးစစ်ဆင်ရေးတစ်ခုအတွင်း ဘင်္ဂလာရဲက ပစ်သတ်ခဲ့သည်။

Narinjara
https://www.facebook.com/Narinjara
လူ ၂၀ သေဆုံးခဲ့သည့် ဒက္ကားမြို့ ကဖေးဆိုင် တိုက်ခိုက်မှုကို အဓိက ကြိုးကိုင်သူနှင့် အပေါင်းအပါနှစ်ဦး ရဲစီးနှင်းမှုတွင် သေဆုံး  လူ ၂၀ သေဆုံးခဲ့သည့် ဒက္ကားမြို့ ကဖေးဆိုင် တိုက်ခိုက်မှုကို အဓိက ကြိုးကိုင်သူနှင့် အပေါင်းအပါနှစ်ဦး ရဲစီးနှင်းမှုတွင် သေဆုံး Reviewed by THITHTOOLWIN on 21:38 Rating: 5
Powered by Blogger.