![]() |
ဓါတ်ပုံ - ( ကေအိုင်အေ တပ်ဖွဲ့ဝင် နှစ်ဦးကို တွေ့ရစဉ်) |
တရုတ်နိုင်ငံဘက် ထွက်ပြေးခိုလှုံနေသူတွေဟာ ထန်းမိုခမ်း၊ ကူခမ်း စတဲ့ ကျေးရွာတွေက ရွာသားတွေဖြစ်ပြီး အများစုက သက်ကြီးရွယ်အိုနဲ့ ကလေးတွေဖြစ်တယ်လို့ ဆဒုံးမြို့ခံ ဦးနော်ဂျာ က ပြောပြပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တရုတ်နယ်နိမိတ်ဘက်အခြမ်းမှာ တရုတ်စစ်တပ်ဘက်ကလည်း သူတို့ဘက်မှာ လုံခြုံရေး ရယူထားတယ်လို့လည်း ပြောပါတယ်။
အခုရက်ပိုင်းအတွင်း ဆဒုံး-ကန်ပိုက်တီ-လိုင်ဇာဒေသတွေဘက်မှာ တိုက်ပွဲဖြစ်ပွားနေတာမှန်ကန်ကြောင်း ကေအိုင်အို ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ဝင် ဗိုလ်မှူးကြီး နော်လီက အတည်ပြုပြောပါတယ်။
ဒါ့အပြင် ဧရာဝတီမြစ်အနောက်ဘက်ခြမ်း ဟူးကောင်းလွင်ပြင်ဒေသ မြစ်ကြီးနား-တနိုင်းလမ်းပေါ် နဲ့ မိုးကား-ဖားကန့်ကားလမ်းတွေဘက်မှာလည်း တပ်မတော်နဲ့ ကေအိုင်အေ တပ်ဖွဲ့တွေအကြား စစ်ရေးပဋိပက္ခတွေရှိနေပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
တပ်မတော်နဲ့ ကေအိုင်အေတပ်တွေ နယ်စပ်မှာတိုက်ပွဲဖြစ်
Reviewed by THITHTOOLWIN
on
18:07
Rating:
