အစ္စလာမ္မာဘတ် သြဂုတ် ၁၈
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း လူမျိုးနွယ်စုများ နေထိုင်ရာ ခိုင်ဘာဒေသတွင် သြဂုတ် ၁၈ ရက် မွန်းလွဲပိုင်း က ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသော ယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားရာ တပ်ဖွဲ့ဝင်နှစ်ဦး ထက်မနည်း သေဆုံးပြီး အခြားခုနစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်းသတင်းဌာနက ဖော်ပြသည်။
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံ နယ်စပ် တစ်လျှောက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တစ်စိတ်တစ်ဒေသ ရရှိထားသည့် ခိုင်ဘာဒေသ၏ ငြိမ်သက်မှုမရှိသော တီရာ့ခ်ျတောင်ကြားဒေသတွင် အဆိုပါမြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေါင်းန်သတင်းဌာနက ပြောကြားသည်။ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များအား အနီးရှိ ဆေးရုံသို့ တင်ပို့ပေးခဲ့သည်။
ယင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ တာဝန်ရှိကြောင်း မည်သည့်အဖွဲ့အစည်းကမျှ လတ်တလောတွင် ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။
ပါကစ္စတန် တပ်မတော်က ခိုင်ဘာဒေသ တီရာ့ခ်ျ တောင်ကြားဒေသတွင် တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ပြီး ယင်းဒေသ၏ နယ်ခြားတစ်လျှောက်တွင် စစ်သွေြး<ွကများ စိမ့်ဝင်ခြင်းအား စစ်ဆေးစောင့်ကြည့်ခြင်းနှင့် ကာကွယ်ခြင်း စစ်ဆင်ရေးတစ်ရပ်ကို လုပ်ဆောင်ခဲ့ပြီးနောက်တစ်ရက်တွင် အဆိုပါမြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်သည်။
ခိုင်ဘာဒေသတွင် ပါကစ္စတန်တပ်မတော်မှ လေကြောင်း နှင့် မြေပြင်မှ စစ်ဆင်ရေးလုပ်ငန်းများကို သြဂုတ် ၁၆ ရက်တွင်စတင်ခဲ့ရာ စစ်သွေးကြွ ၁၄ ဦးအား ချေမှုန်း သုတ်သင်နိုင်ခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန် တပ်မတော် ပြည်သူ့ဆက်ဆံရေးဌာနက ပြောကြားသည်။
ဆင်ဟွာ။
https://www.facebook.com/TheMirrorDaily
ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ယာဉ် မြေမြှုပ်မိုင်းထိ တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရ
Reviewed by THITHTOOLWIN
on
06:46
Rating:
