မီးလောင်မှုကြောင့် ကလေးငယ်နှစ်ဦးသေဆုံး


ကျောက်ဆည် ဩဂုတ် ၂

ကျောက်ဆည်မြို့နယ် ကုလားကျောင်းကျေးရွာအုပ်စု ကုလားကျောင်းကွင်းတွင် ယနေ့ နံနက် ၁၁ နာရီခွဲက လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားသည့် နေအိမ်သည် လူသူအတန်ငယ်ဝေးသည့်နေရာတွင် တစ်လုံးတည်း ဆောက်လုပ် ထားပြီး အိမ်ပိုင်ရှင်အမျိုးသား ဦးမင်းမင်းလတ်သည် အယ်လ်ဖာဘိလပ်မြေစက်ရုံ၌ စက်မောင်း အလုပ် လုပ်ကိုင်ကြောင်း၊ ဇနီးမှာပုလင်းခွံ၊ ဘူးခွံလိုက်လံစုဆောင်းပြီး ပြန်လည်ရောင်းချသည့်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ် ကိုင်သူများဖြစ်ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုကြောင့် နေအိမ်တစ်လုံး၊ ဆိုလာပြား၊ ဘက်ထရီတစ်လုံးနှင့် အိမ်အတွင်းရှိပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သည့် အပြင် သုံးနှစ်အရွယ် မောင်လှိုင်ဖြိုးအောင်၊ တစ်နှစ်အရွယ် မစုအိမ်ချစ်နှင့် အိမ်မွေး ဝက်တစ်ကောင် မီးလောင်သေဆုံးခဲ့ကြောင်း သိရပြီး အိမ်ရှင် ဦးမင်းမင်းလတ်အား မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သက်မောင်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မီးလောင်မှုကြောင့် ကလေးငယ်နှစ်ဦးသေဆုံး  မီးလောင်မှုကြောင့် ကလေးငယ်နှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 06:50 Rating: 5
Powered by Blogger.