ကြိုးတံတားပျက်ကျမှုဖြစ်ပွား


ရန်ကုန် သြဂုတ် ၃၀

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အမှတ်(၅၁)ရပ်ကွက်နှင့် မြောက်ဥက္ကလာပ မြို့နယ်သို့ ဆက်သွယ်ထား ရှိသောကြိုးတံတားတွင် လူသွားလမ်း၊ သစ်သားပျဉ်ပြား ပြုတ်ထွက်နေကြောင်းကို သြဂုတ်လ(၃၀)ရက်နေ့ ယနေနံနက် ၁၃း၃၀ အချိန်က သတင်းအရစုံစမ်းခဲ့ရာ ဒဂုံမြို့သစ်(မြောက်ပိုင်း) အခြမ်းမှ (၄၉)ခန်းမြောက် ကြိုးတံတား အလယ်တည့်တည့် အခန်းမှ လူသွားလမ်းပျဉ် (၁၃)ချောင်းပြုတ် ထွက်ခြင်း၊ တံတား၏ညာဘက် ဆိုင်းကြိုး(၅) ချောင်း၊ ဘယ်ဘက်ဆိုင်းကြိုး (၂) ချောင်းပြတ်တောက်နေကြောင်း သိရှိရသည်။


 အဆိုပါ ပျက်ဆီးမှုနှင့် ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ မြောက်ဥက္ကလာပမြို့နယ် လမ်းတံတားမှ အငယ်တန်းအင်ဂျင်နီယာ ဒေါ်ယုယုသီနှင့် တာဝန်ခံ ဦးကျော်ဌေးအပါအ၀င် (၄)ဦးအဖွဲ့မှ ရောက်ရှိပြင်ဆင် လျှက်ရှိကြောင်း သဲသယ်ဆောင်သည့်သမ္မာန် ၀င်ရောက်တိုက်ခိုက်မှုဖြစ်နိုင်ကြောင်း ကြိုးတံတား သွားလာမှု ခေတ္တရပ်ဆိုင်းထားကြောင်း သိရှိရသည်။

မြောက်ဥက္ကလာပ (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကြိုးတံတားပျက်ကျမှုဖြစ်ပွား   ကြိုးတံတားပျက်ကျမှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:26 Rating: 5
Powered by Blogger.