ကျိုင်းတုံမြို့နယ် ပန်ဆန်းရွာတွင် သားဖြစ်သူက ဖခင်အား ဓားဖြင့်ခုတ်သတ်သဖြင့် သေဆုံးမှုဖြစ်ပွား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပန်ကြူကျေးရွာအုပ်စု၊ ပန်ဆန်းရွာတွင် သားအဖချင်းချင်း စကား များရာမှ သားဖြစ်သူက ဖခင်ဖြစ်သူအား ဓားဖြင့်ခုတ်သတ်သဖြင့်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစ ခန်းထံမှ သိရှိရသည်။


ပန်ဆန်းရွာ၌ သြဂုတ် ၃၀ ရက်၊ နံနက်ပိုင်းတွင် သားဖြစ်သူမှ ဖခင်ဖြစ်သူအား ဓားနှင့်ခုတ်သတ်သဖြင့်သေဆုံး သွားကြောင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ ကျိုင်းတုံမြို့မရဲစခန်းသို့ဆက်သွယ်အကြောင်းကြားခဲ့ရာ နာရီပိုင်း အတွင်း တရားခံအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“သြဂုတ် ၂၉ ရက်ညမှာ သားအဖနှစ် ယောက်စကားများကြတယ်။ သြဂုတ် ၃၀ ရက်၊ နံနက် လေး နာရီအချိန် မှာ သားဖြစ်သူက နေအိမ်ကနေဓားကိုင်ပြီးထွက်သွားလို့ အဖေလုပ်သူကလိုက်ခေါ်တော့ တစ်ရွာတည်းအတူနေ သူ ဦးစံကားဆိုသူရဲ့အိမ်အောက်ထဲကို သားဖြစ်သူကဝင်သွားတာမြင်လိုက်လို့ အဖေကလည်း အဲဒီအိမ်အောက် ထိဝင်သွားပြီးလိုက်ခေါ်တာ သားကအဖေကို သူလက်ထဲမှာပါတဲ့ဓါးနဲ့ ဦးခေါင်း၊ လည်ပင်း၊ လက်မောင်းနေရာ တွေကိုခုတ်လို့ သေဆုံးတာဖြစ်ပါတယ်။”ဟု ကျိုင်းတုံမြို့မရဲစခန်းမှ ဒုတိယစခန်းမှူး ရဲအုပ်ကျော်မိုးကပြော သည်။


ဓါးခုတ်ခံရသဖြင့် သေဆုံးသူမှာ ဦးအားပေါင် ဖြစ်ပြီး ဓါးဖြင့်ခုတ်သတ်သူမှာ သားဖြစ်သူ ကျတား ဖြစ်ကာ အခင်းဖြစ်နေရာနှင့် လေး မိုင်အကွာရှိ နမ့်ကိုင်ရွာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းထံမှ သိရသည်။အဆိုပါအမှုတွင် ကျတားအား ကျိုင်းတုံမြို့မရဲစခန်းမှ (ပ)၁၅၇/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အ ရေးယူထားကြောင်း သိရသည်။

ဓာတ်ပုံ - ကျိုင်းတုံ နှလုံးလှပိုင်ရှင်များ ( အခမဲ့ ) လူမှုကူညီရေးအသင်း
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ကျိုင်းတုံမြို့နယ် ပန်ဆန်းရွာတွင် သားဖြစ်သူက ဖခင်အား ဓားဖြင့်ခုတ်သတ်သဖြင့် သေဆုံးမှုဖြစ်ပွား  ကျိုင်းတုံမြို့နယ် ပန်ဆန်းရွာတွင် သားဖြစ်သူက ဖခင်အား ဓားဖြင့်ခုတ်သတ်သဖြင့် သေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:30 Rating: 5
Powered by Blogger.