ဝေါမြို့ နယ်မှာ မျက်နှာချင်းဆိုင် ‎ယာဉ်တိုက်မှု ဖြစ်ပွား‬၍ လူသေဆုံး
 သြဂုတ်လ(၁၁)ရက်နေ့ ည(၉)နာရီအချိန်ခန့် က ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ရန်ကုန် - မော်လမြိုင်ကားလမ်းမကြီး ပဲခူးစစ်တောင်းတူးမြောင်း ဖြတ်ကျော်တံတားပေါ်၌ ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရ ရှိသည်။
ဖြစ်စဉ်မှာ ဝေါမြို့ဘက်မှ ကျိုက်ထိုဘက်သို့ ဖြိုးဝေလင်း (၂၇)နှစ် (ဘ) ဦးမြင့်ဝေ အရှေ့ဘက်ကမ်းရပ်ကွက် အိမ်ခြေလေးဆယ်ပိုင်းနေသူ မောင်းနှင်လာသည့် ၃၂ယ/၉၂၀၃၆ Dream-125 ကျောက်စိမ်းရောင်ဆိုင်ကယ်နှင့် ကျိုက်ထိုက်ဘက်မှ ဘုရားကြီးဘက်သို့ယာဉ်မောင်း အေးပိုင် (၂၄)နှစ် (ဘ)ဦးမြင့်အေး ညောင်တစ်ခြမ်းကျေးရွာ လှည်းကူမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 5I/2886 FUSO၁၂ဘီး အဖြူးရောင်ယာဉ်တို့ တံတားပေါ်တွင် အရှိန်မထိန်းနိုင်ကြဘဲ မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း မြို့မရဲစခန်းမှတ်တမ်းများအရ သိရသည်။
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဆိုင်ကယ်သမား ဖြိုးဝေလင်းမှာ နဖူးရိုးပေါက်ပြဲ နှာခေါင်းသွေးထွက်ဒဏ်ရာများရရှိခဲ့ပြီး ဝေါမြို့ပြည်သူ့ ဆေးရုံမှ ရန်ကုန်ဆေးရုံသို့တင်ပို့စဉ်သေဆုံးခဲ့ကြောင်းသိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်သူ ဖြိုးဝေလင်းနှင့် အေးပိုင်တို့အား ဝေါမြို့မရဲစခန်းမှယာဉ်(ပ)၃၄/၂၀၁၆ပြစ်မှု ပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်ထားကြောင်း ဆက်လက်သိရှိရပါသည်။
သတင်း - ဓါတ်ပုံ ။  ။ Waw Media
Powered by Blogger.