သံပရာနဲ့  ဆိုဒါရေ ရောပြီးမသောက် ကြဘို့  ဆရာဝန်များ သတိပေး


၂၆-၈-၂၀၁၆

ထိုင်းနိုင်ငံ ဆိုရှယ်မီဒီယာတွေမှာ နံမည်ကြီးခဲ့တဲ့ ဆိုဒါရေနဲ့  သံပရာသီး ညှစ်ပြီး ရောသောက်ရင် ကင်ဆာရောဂါကာကွယ်နိုင်တယ်၊ အဆီကျတယ်-စိတ်မကြည်မလင်ဖြစ်တာပျောက်တယ် ဆိုတဲ့ နည်းကို စွဲသောက်သူတွေ အတွက် အစာအိမ်မှာ အန္တရယ်ဖြစ်တယ်လို့  ဆရာဝန်တွေက သတိပေးခဲ့တဲ့ အကြောင်း ထိုင်းသတင်းတွေမှာ ဖေါ်ပြနေတာတွေ့ ရပါတယ်။


ထိုင်းအမျိုးသမီးတဦးရဲ့  ဖေ့ဘုတ်စာမျက်ကနေ အဖွားဖြစ်သူ သွေးအန်ပြီး အစာအိမ်မှာ အနာဖြစ်လို့  အရေးပေါ် ဆေးကုသခဲ့ရတာဟာ သံပရာရည်နဲ့ ဆော်ဒါ ကို ရောသောက်နေရင်းနဲ့  ဖြစ်ခဲ့တာကြောင့်အသက်အန္တရယ်ရှိကြောင်း သတိပေး ရေးသားဖေါ်ပြခဲ့ပါတယ်။

ထိုင်းအွန်လိုင်းတွေမှာ ရေးသားဖေါ်ပြနေကြတဲ့ ကျန်းမာရေးဆိုင်ရာ သုံးစွဲရန်-ရှောင်ရန် ဆောင်ရန် အကျိုး (၄)ချက် (၆)ချက်စသဖြင့် အလုအရက်ဖေါ်ပြနေတဲ့ ဆေးနည်းတွေကို မလိုက်နာခင် နားလည်သိကျွမ်းတဲ့ ဆရာဝန်တွေ နဲ့  ဆွေးနွေး တိုင်ပင်ပြီးမှ သုံးစွဲသင့်တယ်လို့  ဆေးဖက်ဆိုင်ရာဆရာဝန် ဒေါက်တာ Dr. Siri စီရီက ပြောပါတယ်။

Social Action for Women - SAW
သံပရာနဲ့  ဆိုဒါရေ ရောပြီးမသောက် ကြဘို့  ဆရာဝန်များ သတိပေး  သံပရာနဲ့  ဆိုဒါရေ ရောပြီးမသောက် ကြဘို့  ဆရာဝန်များ သတိပေး Reviewed by THITHTOOLWIN on 20:17 Rating: 5
Powered by Blogger.