ပုလဲမြို့၌ လျှပ်စစ်ဝိုင်ယာကြိုးရှော့ခ်ဖြစ်ရာမှ နှစ်ထပ်အိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား


စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့ မြောက်ပိုင်းရပ်ကွက် မြို့ဦးရပ် ပုလဲ-ဂန့်ဂေါ ကားလမ်းမကြီး အရှေ့ဘက်တွင် သြဂုတ်လ(၂၉)ရက်နေ့ မွန်းလွဲ ၃ နာရီခွဲက လျှပ်စစ်ဝိုင်ယာကြိုးရှော့ခ်ဖြစ်ရာမှ မီးစွဲလောင်ကျွမ်းခဲ့ရာ လူနေအိမ် တစ်လုံးဆုံးရှုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပုလဲမြို့မြောက်ပိုင်း ရပ်ကွက် မြို့ဦးရပ် ပုလဲ-ဂန့်ဂေါ ကားလမ်းမကြီး အရှေ့ဘက် ဦးဒေါင်း(၆၅နှစ်)၏ အောက်ထပ် နံရံကပ်၊ အပေါ်ထပ်ပျဉ်ထောင်၊ ပျဉ်ခင်း၊ နှစ်ထပ်၊ သွပ်မိုး (၅ ပင် x ၄ ပင်) နေအိမ်တွင် ယမန်နေ့ မွန်းလွဲ ၃နာရီခွဲက လျှပ်စစ်ဝိုင်ယာ ကြိုးရှော့ခ်ဖြစ်ရာမှ မီးစွဲလောင် ကျွမ်းခဲ့ရာ မြို့နယ်မီးသတ်ဦးစီး ဌာနမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ်တစ်စီးဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးကျော်ဇင် နှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့ပေါ် ရပ်ကွက်များမှ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မွန်းလွဲ ၃နာရီ ၃၅ မိနစ်တွင် မီးညွန့်ကျိုး ခဲ့ပြီး မွန်းလွဲ ၃နာရီ ၄၅မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် လူ နှင့် တိရစ္ဆာန်များအသေအပျောက် မရှိဘဲဦးဒေါင်း(၆၅နှစ်)၏အောက် ထပ်နံရံကပ်၊အပေါ်ထပ်ပျဉ်ထောင်၊ ပျဉ်ခင်း၊ နှစ်ထပ်၊ သွပ်မိုး(၅ပင်x ၄ပင်) နေအိမ်တစ်လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း၊ ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ငွေကျပ် ၁၅၃၆ဝဝဝ ဖြစ်ကြောင်းနှင့် အိမ်ရှင် ဦးဒေါင်း အား ပုလဲမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိသည်။

မင်းခန့်စိုး(ဇေယျာမြေ)
The Union Daily
https://www.facebook.com/uniondaily.net
ပုလဲမြို့၌ လျှပ်စစ်ဝိုင်ယာကြိုးရှော့ခ်ဖြစ်ရာမှ နှစ်ထပ်အိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား  ပုလဲမြို့၌ လျှပ်စစ်ဝိုင်ယာကြိုးရှော့ခ်ဖြစ်ရာမှ နှစ်ထပ်အိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 17:56 Rating: 5
Powered by Blogger.