စက်လှေတစ်စီး တိမ်းမှောက်ရာမှ အမျိုးးသမီးငယ်နှစ်ဦး ရေနစ်သေဆုံး

ကျိုက်မရောမြို့နယ် ကော့ဝမ်းကျေးရွာ တူးမြောင်းအတွင်း စက်လှေတစ်စီး တိမ်းမှောက်ရာမှ အမျိုးးသမီးငယ်နှစ်ဦး ရေနစ်သေဆုံး
ကျိုက်မရော၊ သြဂုတ်၂၈

ကျိုက်မရောမြို့နယ် ကော့ဝမ်းကျေးရွာ တူးမြောင်းအတွင်း စက်လှေတိမ်းမှောက်ရာမှ မွန်အမျိုးသားနေ့ကျင်းပရေးညှိနှိုင်းပွဲသို့ သွားရောက်သော အမျိုးသမီးနှစ်ဦး ရေနစ်ကွယ်လွန်သွားကြောင်း သတင်းရှိပါသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၂၈ ရက်နေ့နေ့လည်(၁၂း၃၀) ခန့်တွင်ကော့ဝမ်းကျေးရွာမှကျိုက်မရောကမ်းနားဆိပ်သို့ခရီးသည်အမျိုးးသား(၄)ဦးအမျိုးးသမီး(၆)ဦးတင်ဆောင်မောင်းနှင်လာသောစက်လှေတစ်စီးသည်ကော့ဝမ်းကျေးရွာအနောက်ဘက် ကိုက်(၂၀၀)ခန့်အကွာတွင်ရေအောက်ရှိသစ်ငုတ်နှင့်တိုက်မိ၍စက်လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မျက်မြင်များ၏ ပြောဆိုမှုအရ သိရသည်။

စက်လှေတိမ်းမှောက်မှုကြောင့်စီးနင်းလိုက်ပါလာသူများထဲမှ မစုရတနာဝင်း(၂၁)နှစ်ကော့ဝမ်းကျေးရွာနေသူနှင့်မစန္ဒာလှိုင်(၂၀)နှစ်ကော့ဝမ်းကျေးရွာနေသူတို့နစ်မြုပ်ခဲ့ရာလှေပေါ်ပါအမျိုးးသားများမှလိုက်လံရှာဖွေဆယ်ယူ၍မော်လမြိုင်ဆေးရုံသို့ပို့ဆောင်စဉ်သေဆုံးခဲ့သဖြင့်စက်လှေအားပေါ့ဆစွာမောင်းနှင်သူအောင်လေး(ခ)အလင်းအားကျိုက်မရောမြို့မရဲစခန်းစခန်းမှုးဒုရဲမှုးတင်ဦးမှရာဇသတ်ကြီးပုဒ်မ၂၈၀/၃၀၄(က)ဖြင့်အမှုဖွင့်တရားစွဲဆိုထားကြောင်းသိရသည်။

သတင်း - ကိုထူး
ဓါတ်ပုံ - အအာ အအာ
Than Lwin Times
https://www.facebook.com/thanlwintimes9
စက်လှေတစ်စီး တိမ်းမှောက်ရာမှ အမျိုးးသမီးငယ်နှစ်ဦး ရေနစ်သေဆုံး  စက်လှေတစ်စီး တိမ်းမှောက်ရာမှ အမျိုးးသမီးငယ်နှစ်ဦး ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 19:43 Rating: 5
Powered by Blogger.