အမေရိကန်နိုင်ငံသို့ သတင်းအချက်အလက်များ ပေါက်ကြားစေမှုဖြင့် သိပ္ပံပညာရှင်ကို အီရန် ကွပ်မျက်


တီဟီရန် သြဂုတ် ၈

လျှို့ဝှက်သတင်းအချက်အလက်များ အမေရိကန်နိုင်ငံသို့ ပေးပို့ မှုဖြင့် နျူကလီးယားသိပ္ပံပညာရှင် တစ်ဦးကို ကွပ်မျက်လိုက်ကြောင်း အီရန်နိုင်ငံက ပြောကြားသည်။ ၎င်းသည် အီရန်နိုင်ငံ၏ နျူကလီးယား အစီအစဉ်တွင် ပါဝင်ပတ်သက်ခဲ့သူဖြစ်မည်ဟု ယူဆရသည်။

နျူကလီးယားသိပ္ပံပညာရှင် ရှာဟရမ် အမီရီသည် နိုင်ငံ၏နျူကလီးယားနှင့် ပတ်သက်သည့် ထိပ်တန်းလျှို့ဝှက်သတင်းအချက်အလက်များကို ဖတ်ခွင့်ရှိသူတစ်ဦးဖြစ်ကြောင်း အီရန်တရားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။ အမီရီသည် အီရန်နိုင်ငံ၏ နံပါတ်တစ်ရန်သူဖြစ်သည့် အမေရိကန်နိုင်ငံနှင့် ဆက်နွှယ်ပတ်သက်နေသည့် အတွက် သူလျှိုမှုဖြင့် သေဒဏ်ချမှတ်ခံရခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

အမီရီသည် ၂ဝဝ၉ ခုနှစ်က ဆော်ဒီအာရေဗျနိုင်ငံတွင် ပျောက်ဆုံးသွားခဲ့သည်။ နောက် တစ်နှစ်ခန့်အကြာတွင် အမေရိကန်နိုင်ငံတွင် ပြန်လည်ပေါ်ထွက်လာပြီး အီရန်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့်အခါ အီရန်အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အမီရီက အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများ၏ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသော် လည်း အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံသို့ ပေါက်ကြား စေမှုမရှိခဲ့ကြောင်း ပြောကြားသည်။

၂ဝ၁၅ ခုနှစ်တွင် အီရန်နိုင်ငံနှင့် အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာ့အင်အားကြီး ခြောက် နိုင်ငံတို့သည် အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ သဘောတူညီချက်ရရှိခဲ့ သည်။ သို့သော် အီရန်နိုင်ငံ၏ ဒုံးကျည်စမ်းသပ်မှုအစီအစဉ်နှင့်ပတ်သက်၍ အမေရိကန်နှင့် အီရန်နိုင်ငံကြား သဘောထားကွဲလွဲနေဆဲဖြစ်သည်။

အင်န်အိတ်ခ်ျကေ။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ