ကျောက်ဆည်မြို့နယ်၊ စက်မှုနယ်မြေ အတွင်းရှိ သံတော်မြတ် ဘိလပ်မြေစက်ရုံ မီးလောင်မှုဖြစ်ပွား


ကျောက်ဆည်သြဂုတ်-၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဖျောက်ဆိပ်ပင်ကျေးရွာအုပ်စု၊ စက်မှုနယ်မြေအတွင်းရှိ ကြံနှစ်ကောင် တံဆိပ်ဖြင့် ဘိလပ်မြေ ထုတ် လုပ်ဖြန့်ဖြူးရောင်း ချနေသော သံတော်မြတ်ဘိလပ်မြေစက်ရုံတွင် သြဂုတ်-၃ ရက်နေ့ နံနက်(၂း၁၅)နာရီ အချိန်ခန့်က အမှတ်(၁) ပစ္စည်းသိုလှောင်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်း သိရှိရသည်။

အဆိုပါမီးလောင်ရာသို့ ကျောက်ဆည်မြို့၊ ခရိုင်မီးသတ်ဦးစီး အရာရှိ ဦးဇင်ထွန်းသည် ကျောက်ဆည်မြို့၊ မြို့မရဲစခန်းမှူး ဒုရဲမှူး သက်နိုင်စိုးနှင့် ရဲတပ်ဖွဲ့ဝင် (၁၅)ဦး၊ မီးသတ်သန္ဓေတပ်ဖွဲ့ဝင် (၆၅)ဦး၊ မီးသတ်တပ်ဖွဲ့ဝင် (၃၅)ဦး မီးငြိမ်းသတ်ယာဉ် (၉)စီး၊ ရေသယ်ယာဉ် (၄)စီး တို့နှင့်အတူ စက်ရုံ ၀န်ထမ်း များနှင့် ပူးပေါင်းပြီး ၀ိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ (၅း၄၀)နာရီတွင် မီးထိန်းသိမ်းနိုင် ခဲ့ပြီး အခြားအဆောက်အဦးများအား မီးကူးစက်လောင် ကျွမ်းစေမှု မရှိစေရေး အတွက် မြစ်သား၊ စဥ့်ကိုင် မြို့နယ်တို့နှင့် ဟံမြင့်မိုရ်၊ သံရွာကျေးရွာတို့ရှိ မီးသတ်ယာဉ်များနှင့်တပ်ဖွဲ့ဝင်များ အကူအညီတောင်း ခံပြီး မီးလောင် ကျွမ်းနေ သည့် အမှတ်(၁)ပစ္စည်းသိုလှောင်ရုံအား ဘက် ဟိုးဖြင့် ခေါင်မိုးဖွင့်ပြီး မီးကြွင်း မီးကျန် များ မရှိစေရေး ထပ်မံငြှိမ်း သတ်ခဲ့သည်။

အဆိုပါမီးလောင်ကျွမ်းသည့် အမှတ်(၁)ပစ္စည်းသိုလှောင်ရုံသည် အလျား ၆၀ မီတာ၊ အနံ (၂၀)မီတာနှင့်အမြင့် (၁၅)မီတာ ရှိပြီး သံကိုယ်ထည်၊ သွပ်မိုး၊ သွပ် ကာ ကွန်ကရစ်ခင်း အဆောက်အဦးဖြစ်ပြီး ဘိလပ်မြေထည့်ရန် အိတ်ခွံ အသစ်များ သိုလှောင်ထားရှိသည့် သိုလှောင်ရုံဖြစ်ကြောင်း သိရှိရပြီး မီးလောင် ကျွမ်းမှုကြောင့် လူ/တရိစ္ဆာန်နှင့် အခြားအိမ်မွေး တိရစ္ဆာန် များ သေပျောက်ပျက်စီး ဆုံးရှုံးမှုမရှိကြောင်းနှင့် အဆိုပါမီးလောင်မှု အား ကျောက်ဆည်မြို့မရဲစခန်းမှ (ပ) ၄၉၇/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ-၂၈၅ ဖြင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

(ကျောက်ဆည် ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကျောက်ဆည်မြို့နယ်၊ စက်မှုနယ်မြေ အတွင်းရှိ သံတော်မြတ် ဘိလပ်မြေစက်ရုံ မီးလောင်မှုဖြစ်ပွား  ကျောက်ဆည်မြို့နယ်၊ စက်မှုနယ်မြေ အတွင်းရှိ သံတော်မြတ် ဘိလပ်မြေစက်ရုံ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:59 Rating: 5
Powered by Blogger.