သြဂုတ်လ ၂၄၊ ၂၀၁၆
ရန်ကုန်-ကျောက်ဖြူ အဝေးပြေးကားလမ်းကို ယာယီပိတ်ထား လိုက်ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ညနေ ၅ နာရီ ၅ မိနစ်ခန့်က ရစ်(စ်)တာ စကေး ၆.၈ ပြင်းအားဖြင့် လှုပ်ခတ်သွားသော ငလျင်ကြောင့် ရန်ကုန်-ကျောက်ဖြူ အဝေးပြေးကာလမ်းရှိ တံတားကြီး (၉)စင်းအနက် လုံးတော်ပေါက်တံတား ရေလည်တိုင် နိမ့်ကျသွားကာ သံဘောင်လည်း ရွေ့သွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ယခုဖြစ်ပွားခဲ့တဲ့ အချိန်က စတင်ကာ ရန်ကုန်-ကျောက်ဖြူ အဝေးပြေးလမ်းကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
Kyauk Phru Youth Net
https://www.facebook.com/KyaukphruYouthNet/
ရန်ကုန်-ကျောက်ဖြူ အဝေးပြေးလမ်းကို ယာယီပိတ်ထား
Reviewed by THITHTOOLWIN
on
04:35
Rating:
