ဒါကာ သြဂုတ် ၂၁
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ၏ ဘာရှန်ဒါရာစီးတီး အရပ်ရှိ ကုန်တိုက်တစ်ခုတွင် မီးလောင်မှုဖြစ်ပွားရာ လူ ၁၂ ဦးထက်မနည်း ပိတ်မိနေကြောင်း အာဏာပိုင်များက သြဂုတ် ၂၁ ရက်တွင် ပြောကြားသည်။
ကုန်တိုက်ခေါင်မိုးပေါ်၌ လူ ၁၂ ဦးထက်မနည်း ရှိနေပြီး ¤င်းတို့ကို ကယ်တင်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များ က ကြိုးပမ်းလျက်ရှိကြသည်။
မီးသတ်တပ်ဖွဲ့ဝင်များသည် အစောပိုင်းတွင် လူ ၂ဝ ခန့်ကို ကယ်တင်ပေးနိုင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သြဂုတ် ၂၁ ရက် နံနက် ၁၁ နာရီ ၂၃ မိနစ်တွင် မီးလောင်မှုစတင်ခဲ့ပြီး မီးသတ်စခန်း ၁၈ ခုမှ မီးသတ် တပ်ဖွဲ့ဝင်များက မီးကိုထိန်းချုပ်နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ကုန်တိုက်အတွင်းရှိနေသော ဈေးဝယ်သူများနှင့် ဝန်ထမ်းများကို ဘေးကင်းလုံခြုံရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။ ကုန်တိုက်၏ ပဉ္စမထပ်တွင် မီးစတင်လောင်ကျွမ်း ခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းကို လောလောဆယ်မသိနိုင်သေးကြောင်း သတင်းတွင် ဖော်ပြသည်။
မီးလောင်မှုကြောင့် လူသေဆုံးမှုရှိသည်ဟု ယခုအချိန်အထိ ဒေသဆိုင်ရာ မြို့တော်ဝန်က ပြောကြားခြင်းမရှိပေ။
ပီတီအိုင်။
The Mirror Daily
https://www.facebook.com/TheMirrorDaily
မြို့တော်ဒါကာရှိ ကုန်တိုက်တွင် မီးလောင် လူ ၁၂ ဦးထက်မနည်း ပိတ်မိနေ
Reviewed by THITHTOOLWIN
on
06:45
Rating:
