ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ဦးရေ တိုးလာ

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့ နယ် ဆည်မုန်းကျေးရွာ၌ လူနေအိမ် အချို့ ရေ၀င်နေသည်များကို တွေ့ ရစဉ်(ဓာတ်ပုံ- Relief and Resettlement Department - Myanmar)
    ရန်ကုန် ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)

    တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခုတွင် ယခုနှစ်အတွင်း ရေကြီးရေလျှံမှုများကြောင့် သြဂုတ် ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း သေဆုံးသူ ဦးရေ ၁ ဦး ထပ်မံ တိုးလာခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၅ ဦးအထိ ရှိလာခဲ့ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရေဘေးဖြစ်ပွားမှုကြောင့် သေဆုံးသူ ဦးရေမှာ ဇူလိုင်လ ၁၅ ရက်မှ သြဂုတ်လ ၇ ရက်ထိ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၂ ဦးနှင့် ကချင်ပြည်နယ်တွင် ၂ ဦးထိသာ ရှိခဲ့ရာမှ သြဂုတ် ၈ ရက်နေ့ စာရင်းတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ၁ ဦး ထပ်မံ တိုးလာခဲ့ခြင်း ဖြစ်သည်။

ထို့ အတူ နာဆာဂြိုဟ်တုမှ သြဂုတ် ၈ ရက် တိုင်းတာချက်အရ မိုးရေများ ၊ ချောင်းရေများ ၊ တောင်ကျရေများ၊ မြစ်ရေများ စီးဆင်းမှုကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြို့နယ် ၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပုသိမ်မြို့ နယ် နှင့် မအူပင်မြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မင်္ဂလာဒုံမြို့နယ်တို့ တွင် ရေဖုံးလွှမ်းခံရမှု အလားအလာ ရှိသော ဒေသများ ဖြစ်ပေါ်နေကြောင်း မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ၄င်း၏ Facebook စာမျက်နှာတွင် သတိပေး ရေးသားထားသည်။

ရေဘေး ဖြစ်ပွားခဲ့သည့် ဇူလိုင်လ ၁၅ ရက်မှ သြဂုတ်လ ၈ ရက်အထိ ၂၅ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခုတွင် ရေဘေးသင့်သူ ၃၇၇,၆၆၇ ဦးရေ အထိ ရှိလာခဲ့ပြီး မျောပါ ၊ ပျက်စီး အိမ်ခြေမှာ ၁၂၆ လုံး ထိ ရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ရေဘေး ဖြစ်ပွားမှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခုသို့ စုစုပေါင်း ငွေကျပ် ၄၀၁,၈၂၀,၃၄၁ ထောက်ပံ့ထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ဦးရေ တိုးလာ  ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ဦးရေ တိုးလာ Reviewed by THITHTOOLWIN on 13:19 Rating: 5
Powered by Blogger.