တိုက်ပွဲကြောင့် ကန်ပိုင်တီကားလမ်း ခရီးသွားခွင့် အချိန် ကန့်သတ်


သြဂုတ် -၂၆

ဝိုင်းမော်–ကန်ပိုက်တီသွားကားလမ်းပေါ်တွင် လုံခြုံရေးအရ ခရီးသွားလာခွင့်အချိန်ကို ကန့်သတ်လိုက်ကြောင်း ပြည် နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ထိုကဲ့သို့ကန့်သတ်လိုက်သည့်ကြေညာချက်ကို သြဂုတ်လ ၂၃ ရက်နေ့တွင် သက်ဆိုင်ရာဌာနများသို့ဖြန့်ဝေခဲ့ပြီး ယခင် က အချိန်အခါမရွေးသွားလာခွင့်ရှိခဲ့ရာမှ ယခုအခါတွင် ည ၉ နာရီမှ နံနက် ၄ နာရီအတွင်း ခရီးသွားလာခွင့်မပြုတော့ကြောင်း သိရှိရသည်။
“ထိတွေ့မှုတွေက ဖြစ်နေတော့ ခရီးသွားပြည်သူတွေရဲ့လုံခြုံရေးအတွက် အခုလိုမျိုး အချိန်ကိုကန့်သတ်လိုက်တာပါ။အဓိ ကကတော့ ပြည်သူလူထုရဲ့လုံခြုံရေးအရပါ”ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီးမြင့်ထူးက မြစ်ကြီး နားသတင်းဂျာနယ်သို့ ပြောသည်။

အဆိုပါခရီးသွားလာနိုင်သည့်အချိန်ကို သတ်မှတ်လိုက်သည့်အမိန့်မှ ပြည်နယ်အဆင့်မှချမှတ်လိုက်ခြင်းဖြစ်ပြီး ယခုလ အတွင်း ၀ိုင်းမော် –ကန်ပိုက်တည်သွားလမ်းပေါ်တွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ပြီး သာမန်ထိတွေ့မှုအဆင့်သာဖြစ်ကာ ထိခိုက်ဒဏ်ရာ ရမှု၊သေဆုံးမှုတစ်စုံတရာမရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဝေဖြိုးအောင်
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
တိုက်ပွဲကြောင့် ကန်ပိုင်တီကားလမ်း ခရီးသွားခွင့် အချိန် ကန့်သတ်  တိုက်ပွဲကြောင့် ကန်ပိုင်တီကားလမ်း ခရီးသွားခွင့် အချိန် ကန့်သတ် Reviewed by THITHTOOLWIN on 18:05 Rating: 5
Powered by Blogger.