ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ထီးချိုင့်မြို့နယ်တွင်း အခြေခံပညာ သင်ကျောင်းများခေတ္တပိတ်ထား


ထီးချိုင့် သြဂုတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ်တွင် ဇူလိုင်လနောက်ဆုံး ပတ်အတွင်းက ဧရာဝတီ မြစ်ရေမြင့်တက်မှုကြောင့် အခြေခံပညာသင်ကျောင်း ၂၈ ကျောင်းခေတ္တပိတ် ထားရကြောင်း သိရှိရသည်။ ထီးချိုင့်မြို့နယ်အတွင်း အခြေခံပညာကျောင်း ပေါင်း ၁၂၉ ကျောင်းရှိသည့်အနက် ဇူလိုင်လနောက်ဆုံး ပတ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြစ်နားနီးသည့်ကျောင်းများ ၊ အနိမ့်ပိုင်းကျရောက်သည့် ကျောင်း ၂၈ ကျောင်းများ တွင်မြစ်ရေများဝင်ရောက် ခဲ့ပါသည်။


ကျောင်းသား ကျောင်းသူများ အန္တရာယ်ကင်းရှင်းရေး ၊ မလိုလားအပ်သည့် ပြသနာများ မပေါ်ပေါက်စေရေး အတွက် အ ထ က ၂ ကျောင်း ၊ အ လက ခွဲ ၁၃ ကျောင်း ၊ အ မ က ခွဲ ၂ ကျောင်း ၊ မူလွန် အ မ က ၂ ကျောင်း ၊ အ မ က ၉ ကျောင်းစုစုပေါင်း ၂၈ ကျောင်းကို ခေတ္တပိတ်ထားရကြောင်းကို သက်ဆိုင်ရာ အထက်အဆင့် ဆင့်တို့ကို လည်း သင့်ရာနည်းဖြင့် အမြန်ဆုံးအစီရင်ခံထားပြီး ဖြစ်ပါကြောင်း အခုအချိန်တွင်မြစ်ရေများ ပြန်လည် ကျဆင်း နေပြီဖြစ်လို့ ပိတ်ထားရသည့် ကျောင်းများယခင်အခြေ အနေအတိုင်းပြန်လည် ဖွင့်လှစ် သွားနိုင် မည်ဖြစ်ပါသည် ၊ ပိတ်ရက်များကိုလည်း အစားထိုးတက်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဟု မြို့နယ်ပညာရေးမှူး ဦးခင်မောင်လွင် က ပြောကြားကြောင်းသိရသည်။

ထီးချိုင့်မြို့ (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ထီးချိုင့်မြို့နယ်တွင်း အခြေခံပညာ သင်ကျောင်းများခေတ္တပိတ်ထား  ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ထီးချိုင့်မြို့နယ်တွင်း အခြေခံပညာ သင်ကျောင်းများခေတ္တပိတ်ထား Reviewed by THITHTOOLWIN on 16:59 Rating: 5
Powered by Blogger.