![]() |
ဘောလုံးပွဲကြည့်ရင်း ခိုက်ရန်ဖြစ်ပွားပြီး ဆင်မင်းကျေးရွာက နေအိမ်တွေ ဖျက်ဆီးထားတာကို တွေ့ရစဉ်
Photo : Thein Win Oo (facebook)
|
လုံခြုံရေးအတွက် ရဲအင်အား ၂ဝ လောက်ဟာ ကျေးရွာလုံခြုံရေး စောင့်ကြည့်နေသလို နေအိမ်ဖျက်ဆီးမှုနဲ့ ခိုက်ရန်ဖြစ်ပွားမှု၊ ရန်စမှုတွေမှာ ပါဝင်ခဲ့သူတွေကို စာရင်းကောက်နေတယ်လို့ ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင် က ပြောပါတယ်။
ပြီးခဲ့တဲ့သြဂုတ်လ ၁၈ ရက်နေ့က ကွန်းရွာဘုရားပွဲမှာ ဘောလုံးပွဲကျင်းပခဲ့တာဖြစ်ပြီး ဘောလုံးပွဲကြည့်ရင်း ခိုက်ရန်ဖြစ်ပွား ခဲ့ကြတာဖြစ်ပါတယ်။ ရန်ပွဲမှာ ရွှေတန်းတစ်ရွာသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အပြန်လမ်းမှာ ဆင်မင်းကျေးရွာသားတွေ က လေးခွနဲ့ ပစ်ခတ်တာတွေရှိခဲ့ပါတယ်။
အဲ့ဒီကိစ္စကို မကျေနပ်တဲ့ ရွှေတန်းတစ်ရွာသားတွေက ဆင်မင်းကျေးရွာမှာ နေအိမ်တွေကို ဝင်ရောက်ဖျက်ဆီးခဲ့တာဖြစ် ပါတယ်။
ဆင်မင်းကျေးရွာမှာ အိမ်ခြေ ၁ဝဝ လောက်ရှိပြီး ရွာသားတွေဟာ သူတို့ရဲ့နေအိမ်တွေ ဖျက်ဆီးခံရချိန်မှာ ထွက်ပြေး တိမ်းရှောင်နေတဲ့အတွက် လူတွေထိခိုက်မိတာမရှိဘဲ ဈေးဆိုင်တွေ၊ ဆိုင်ကယ်တွေ၊ ရေခဲသေတ္တာတွေ၊ တီဗီတွေနဲ့ ပရိဘောဂပစ္စည်းတွေ ပျက်စီးခဲ့တာဖြစ်ပါတယ်။
အဲ့ဒီကျေးရွာနှစ်ရွာဟာ ၂ဝ၁၂ ခုနှစ်ကတည်းက ကျေးရွာပိုင် ဘုန်းကြီးကျောင်းကိစ္စနဲ့ အငြင်းပွားခဲ့ပြီး ပြဿနာဖြစ် ပွားခဲ့ဖူးပါတယ်
RFA Burmese
http://www.rfa.org/burmese
ဘောလုံးပွဲကြောင့် ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ကျေးရွာ ၂ ရွာကြားမှာ လုံခြုံရေးစောင့်ကြည့်
Reviewed by THITHTOOLWIN
on
18:42
Rating:
