မန္တလေး ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာအနီး ခြောက်ထပ်ကွေ့အနီးအဆင်း လမ်းတွင် မူဆယ်မှ ကုန်များတင်ဆောင်လာသော ဆယ့်နှစ်ဘီး ကားတစီးသည် အရှိန်မ ထိမ်းနိုင်ဘဲ့ လမ်းကွေ့နေရာကိုကာရံထားသော အုပ်ရိုးအားဝင်တိုက်၍ ချောက် အတွင်းသို့ ထိုးကျလုဆဲဆဲ အနေထားဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။
"အလွန်ကံကောင်းတဲ့ကားလို့ပြောရမယ်ဗျာ။ ချောက်ထဲထိုးကျခါနီးလေး အပေါ်တင်နေလို့။ ကုန်ကအပြည့် မူဆယ်ကဆင်းလာတာလို့ သိရတယ်။ လူတွေတော့ ထိခိုက်ဒဏ်ရာ ဘာတခုမှမဖြစ်ပါဘူး။ ကားတော့အောက်ပိုင်း နည်းနည်းထိတယ်။ ဖြစ်ပွားချိန်ကတော့ ၃ နာရီကျော်ကျော်လေးပဲ။ သိပ်မကြာ သေဘူး”ဟုမျက်မြင်သက်သေတဦးက ပြောသည်။
အဆိုပါကားမှာ မူဆယ်မှ မန္တလေးသို့ ကုန်စည်များ တင်ဆောင်လာသော ကားဖြစ်ပြီး ရန်ကုန်လိုင်စင် 6C-5473 ဖြစ်ကြောင်း သိရသည်။
စိုင်းထူးခန့် 
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ပြင်ဦးလွင်အဆင်းလမ်း ခြောက်ထပ်ကွေ့အနီး ဆယ့်နှစ်ဘီးယာဉ်တစီး အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးထိုးဆင်း
Reviewed by THITHTOOLWIN
on
13:50
Rating:
