၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့ မြန်မာစံတော်ချိန် (၁၇)နာရီ (၀၄)မိနစ် (၅၅)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင် စခန်းမှ အနောက်တောင်ဘက် (၁၂၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြို့၏ အနောက်ဘက် (၁၂)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၆.၈)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင် ဖြစ်ပေါ်ခဲ့ရာ ညောင်ဦးမြို့နယ် ပုဂံဒေသရှိ ဓမ္မရံကြီး၊ ထီးလိုမင်းလို စေတီတော် ကွမ်းတောင်များပြိုကျခဲ့ပါသည်။
မြန်မာစံတော်ချိန် (၁၈)နာရီ(၁၀)မိနစ်အထိ စာရင်းကောက်ခံချက်အရ ဘုရားပုထိုး ၆၅ဆူထိခိုက်မှုရှိကြောင်း ဆက်လက်စစ်ဆေးလျက်ရှိကြောင်း ကနဦး သတင်းရရှိပါသည်။
၂၄.၈.၂၀၁၆
Ministry of Religious Affairs
ငလျင်လှုပ်ခတ်ပြီး ညောင်ဦးမြို့ ကနဦးသတင်း
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့တွင် (၂၄-၈-၂၀၁၆)ရက်နေ့ ညနေ (၁၇: ၀၇)နာရီအချိန်ခန့်တွင် လှုပ်ခတ်သွားသောအင်အားရစ်(ခ်)တာစကေး ၆.၈ အဆင့်ရှိ အင်အားပြင်း ထန်သောမြေငလျင်ဒဏ်ကြောင့် ပုဂံညောင်ဦးမြို့ရှိ ထီးလို မင်းလိုစေတီတော်ထီးတော်ပြိုကျခြင်း၊ ဓမ္မရံ ကြီးဘုရားမုဒ်ဦးပြိုကျခြင်း၊ ငါးမျက်နှာ ဘုရားအပျက်အစီးအနည်းငယ်ရှိခြင်း၊ ဘုရားအမှတ် ၁၆၁၆ ပျက်စီးခြင်း၊ ခေမိန္ဒ ဘုရားပျက်စီးခြင်း၊ မြစေတီစိန်ဖူးတော်ပြုတ်ကျခြင်း၊ အာနန္ဒာဘုရား အင်္ဂတေကွာကျခြင်း၊ တဘက်ကျစေတီထီးတော်မြေခခြင်းနှင့် အမည်မသိဘုရားအချို့ ပျက်စီး ဆုံးရှုံးမှုရှိခဲ့ကြောင်းကနဦးသတင်းရရှိသည်။
ညောင်ဦး ပြန်/ဆက်
ပုဂံရှေးဟောင်း စေတီ ၆၅ ဆူ ထိခိုက်ပျက်စီး
Reviewed by THITHTOOLWIN
on
19:24
Rating:
