အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆\၆နှင့် ၁၆\၇အကြား ယာဉ်တိုက်မှုဖြစ် (၂)ဦး သေဆုံး


သြဂုတ် ၉။

၉.၈.၂၀၁၆ရက်နေ့ နံနက်၀၃၀၀အချိန် အမှတ်(၃)အမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆\၆နှင့် ၁၆\၇အကြား နေပြည်တော်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်းသောင်းဝင်း ရွှေနံသာစံပြကျေးရွာ၊ မင်္ဂလာဒုံမြို့နယ်နေသူမောင်းနှင်သော ယာဉ်အမှတ် 2J/------- CROWN နက်ပြာရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကာရံထားသော ဘာရီယာတုံးနှင့် ကွန်ကရစ်တိုင်များအား တိုက်မိရပ်တန့်ခဲ့ကြောင်း သိရပါသည်။


 အခင်းနေရာသို့ အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်းမှ ခေတ္တ စခန်းမှူး ရဲအုပ်အောင်သင်းဦးပါ တပ်ဖွဲ့ဝင်(၁၀)ဦး မီးသတ်တပ်ဖွဲ့အမြန်လမ်းမှ လက်ထောက်ဦးစီးမှူး ငြိမ်းချမ်းပါ (၅)ဦးတို့ ၀၃၁၀ အချိန် ရောက်ရှိ စစ်ဆေး ကူညီရေးဆောင်ရွက်ခဲ့ရာ ယာဉ်ပေါ်ပါရှိသူ ယာဉ်မောင်းပါ ကျား(၃)စလုံးပြင်းထန်ဒက်ရာများရရှိခဲ့ဖြင့်တပ်ဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် လှည်းကူးဆေးရုံသို့ ၀၃၃၀ချိန်ရောက်ရှိ ပို့ဆောင်ပေးခဲ့ပါသည်။


ယာဉ်ပေါ်ပါ ကျား(၃)ဦးအနက် (၂)ဦးဆေးရုံ၌သေဆုံးခဲ့ပြီး (၁)ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သဖြင့် ယာဉ်မောင်း သောင်းဝင်းအား အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၄၀/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိပါသည်။

Highwaypolice.mm.naypyitaw

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ