ပန်ဒိုရာအဆီချလုပ်ငန်းပိုင်ရှင်သည် သြဂုတ် ၁၂-ရက် ယနေ့ မွန်းလွဲပိုင်းက ချမ်းအေးသာစံမြို့နယ် တရားရုံးတွင် အာမခံယူထားပြီး အမှု ရင်ဆိုင်ခြင်းမရှိဘဲ ပျက်ကွက်ခွင့်တင်ခဲ့သဖြင့် သြဂုတ် ၂၄ ရက်နေ့သို့ထပ်မံ ချိန်းဆိုခဲ့ကြောင်းသိရသည်။
“ပြီးခဲ့တဲ့ ရုံးချိန်းပျက်ကွက်မှူနဲ့ ခုလည်း ပျက်ကွက်တာကို ဆေးစာနဲ့ဒီနေ့မှာခွင့်တင်တယ်။တရားရင်ဆိုင်ဖို့ မလာဘဲ ပျက်ကွက်နေပြီး ပေးထားတဲ့အာမခံကို ရုပ်သိမ်းပေးဖို့ ရုံးတော်ကို လျှောက်ထားခဲ့တယ”ဟု ပန်ဒိုရာအလုပသမားများဘက်မှ ရှေ့နေ ဒေါ်အေးပပကပြောသည်။
လာမည့် ရုံးချိန်းများတွင် ထပ်မံ၍တရားရင်ဆိုင်ရန်ပျက်ကွက်ပါက ဥပဒေအရ ဆက်လက် ဆောင်ရွက်မည် ဖြစ်သော်လည်း မည်သို့ လုပ်ဆောင်မည်မှာ တရားရုံး အဆုံးအဖြတ် မသိရသေး၍ မပြောနိုင်သေးဟုဆိုသည်။
ဖြစ်စဉ်မှာ ပန်ဒိုရာပိုင်ရှင်မှ အလုပ်သမားဇာလီဝင်းအား ထိခိုက်နာကြင်စေသည့်အတွက် မဇာလီဝင်းက ပန်ဒိုရာ အလုပ်ရှင်အပါအဝင် ၁၀ ဦးအား ပုဒ်မ ၂၉၄/၃၂၅/၃၄၄ တို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal