အင်ဒိုနီးရှားလေယာဉ်ငယ် တစ်စီး ပျက်ကျမှုကြောင့် ၂ဦးဒဏ်ရာရရှိ

အင်ဒိုနီးရှားနိုင်ငံတွင် ပျက်ကျခဲ့သည့် လေယာဉ်ငယ်တစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    ဂျာကာတာ၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

    အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် တွင် သြဂုတ် ၃၀ ရက် က ပုဂ္ဂလိက လေယာဉ်သင်တန်းကျောင်း တစ်ခု မှ လေယာဉ်ငယ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့၍ လေယာဉ်ပေါ်ရှိ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Cessna 172 လေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၁၀နာရီ၌ လယ်ကွင်းအလွတ်ထဲသို့ ထိုးဆင်းသွားခဲ့ကြောင်း အနောက်ဂျာဗား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ Joshua Banjarnabor ကပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က လေယာဉ်မတော်တဆမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး လေယာဉ်နည်းပြနှင့် အမောင်းသင် ကျောင်းသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ၄င်းတို့နှစ်ဦးအား ဆေးကုသမှုခံယူရန် ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါလေယာဉ်အား Angkasa လေယာဉ်သင်တန်းကျောင်းက ပိုင်ဆိုင်ပြီး ယင်းသင်တန်းကျောင်းအား ဒေသခံ လေကြောင်း ကုမ္ပဏီတစ်ခုဖြစ်သည့် Lion အုပ်စုက ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အင်ဒိုနီးရှားလေယာဉ်ငယ် တစ်စီး ပျက်ကျမှုကြောင့် ၂ဦးဒဏ်ရာရရှိ  အင်ဒိုနီးရှားလေယာဉ်ငယ် တစ်စီး ပျက်ကျမှုကြောင့် ၂ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 16:53 Rating: 5
Powered by Blogger.