ဗဟန်းမြို့နယ်မှာ ၀က်ဝံမွေးမြူထားမှုတွေ့ရှိပြီး အမှုဖွင့်အရေးယူထား

မယ်ဟန် ဝက်ဝံများကို ဖမ်းဆီးပြီ တိရိစ္ဆာန်ဥယျာဉ်ပို့ စဉ်တွေ့ ရပုံ။ 
ဗဟန်းမြို့နယ် နတ်မောက်လမ်းသွယ် က နေအိမ်တစ်ခုမှာ ဝက်ဝံ အမတစ်ကောင် မွေးမြူထားတယ်လို့သတင်းရရှိတဲ့အတွက် သြဂုတ်လ (၉) ရက်နေ့ ည ၇ နာရီမှာသက်ဆိုင်ရာက တာဝန်ရှိသူတွေ သွားရောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အလုံမြို့နယ် သစ်တောဦးစီးအရာရှိ ဦးမိုးအောင်က တိုင်ကြားတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

 အဲဒီလိုစစ်ဆေးရာမှာ အသက် (၁ )နှစ်ခန့်အရွယ် အမြင့် (၁၅) လက်မ အလျား (၂) ပေခန့်၊ လုံးပတ် (၂) ပေခန့်ရှိတဲ့ဝက်ဝံအမတစ်ကောင်ကို သိမ်းဆီးခဲ့ပြီး သက်မင်းနိုင်(ခ) ရာဂျားဆိုသူကမွေးမြူထားတာဖြစ်ပါတယ်။

 အဲဒါကြောင့် ဗဟန်းမြို့မရဲစခန်းက တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်စောင့်ရှောက်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး အက်ဥပဒေပုဒ်မ ၃၅(ဂ)အရ အမှုဖွင့်အ ရေးယူထားပြီး ၀က်ဝံကိုရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။

5 Plus News
https://www.facebook.com/5plusnews

ဗဟန်းမြို့နယ်မှာ ၀က်ဝံမွေးမြူထားမှုတွေ့ရှိပြီး အမှုဖွင့်အရေးယူထား  ဗဟန်းမြို့နယ်မှာ ၀က်ဝံမွေးမြူထားမှုတွေ့ရှိပြီး အမှုဖွင့်အရေးယူထား Reviewed by THITHTOOLWIN on 21:08 Rating: 5
Powered by Blogger.