သြဂုတ် ၁၈ ။ အိမ်သာခွက်ထဲမှာ စပါးအုံးမြွေတစ်ကောင်ခွေနေတာတွေ့လိုက်ရတဲ့အတွက် မလေးရှားအမျိုးသမီး တစ်ဦး ထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။
ကမာရွန်နီဆာ (၄၀နှစ်) ဟာ သန့်စင်ခန်းထဲ ဝင်လိုက်ပြီးပြီးချင်း မြွေကိုတွေ့ခဲ့တာဖြစ်ပါတယ်။
သူဟာ ဘေးခန်းမှာနေတဲ့ သူ့အစ်ကို ရာဝင်ဒင်းကို ငယ်သံပါအောင်အော်ခေါ်ခဲ့ပါတယ်။
“မြွေကတော်တော်လေးကြီးတယ်။ ဘိုထိုင်အိမ်သာ အဖုံးကိုချက်ချင်း သစ်ချောင်းနဲ့လှမ်းပိတ်ပြီး အဖုံးပေါ်မှာ ဘာလီပုံးတစ်ပုံးကိုတင်ထားခဲ့ရတယ်” လို့လည်း ရာဝင်ဒင်း ကပြောပြပါတယ်။
စပါးအုံးမြွေဟာ မိလ္လာကန်ထဲကနေ တက်လာပြီး အိမ်သာခွက်ထဲမှာဝင်ခွေနေတာဖြစ်နိုင်တယ်လို့ သူကယူဆ ပါတယ်။
တနင်္လာနေ့မနက်က ဆီလန်ဂေါ မီးသတ်နဲ့ကယ်ဆယ်ရေးဌာနက သတင်းရရှိပြီး မီးသတ်သမား ၅ ယောက် စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ မြွေကိုဖမ်းဖို့ ၂၅ မိနစ်လောက်အချိန်ယူခဲ့ရတယ်လို့လည်း ဆိုပါတယ်။
[Ref: The Star; 18 August 2016]
မအေးသီမွန်
Kumudra
https://www.facebook.com/newsKumudra
အမျိုးသမီးတစ်ဦး အိမ်သာခွက်ထဲ စပါးအုံးမြွေနဲ့ ပက်ပင်း
Reviewed by THITHTOOLWIN
on
20:01
Rating:
