လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်ရှိ လိုင်းပေါင်းစုံ စုပေါင်းကားဂိတ် မီးလောင်မှုဖြစ်ပွား


လွိုင်ကော် သြဂုတ် ၃၁

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မီးသတ်စခန်းမှ လောဓမ္မရပ်ကွက်၊ လိုင်းပေါင်းစုံ စုပေါင်းကားဂိတ်ရှိ အခန်း (၁၉) ရွှေကန္ဒအောင်ကားဂိတ်(လွိုင်ကော်-မော်ချီး)တွင် မီးလောင်နေကြောင်း (ဝ၂း၄၇)နာရီအချိန် တယ်လီဖုန်းသတင်း အရ ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် (၆ဝ)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅ဝ)ဦး၊ မီးငြှိမ်းသတ်ယာဉ် (၁၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၂)စီး၊ သစ်ထုတ်လုပ်ရေးမှ ရေသယ်ယာဉ်(၁)စီး၊ ဆည်မြောင်း မှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာရာ မီးလောင်ရာနေရာသို့ (ဝ၂း၅ဝ)နာရီအချိန်ခန့်ရောက်ရှိ၍ (ဝ၃း၃ဝ)နာရီအချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး (ဝ၃း၎ဝ)နာရီအချိန် မီးငြိမ်းသတ်နိုင် ခဲ့သည်။


အဆိုပါမီးလောင်မှုဖြစ်စဉ်မှာ ဆိုင်ရှင် ဦးစောချယ်ရီဘတ်၏ ဆိုင်ခန်းမျက်နှာကျက်တွင် တပ်ဆင်ထားသော ဝါယာကြိုးမှ အပူလွန်ကဲ၍ မျက်နှာကျက်သို့ ကူးစက်လောင်ကျွမ်းပြီး (၉×၁ဝ)ပေ သွပ်မိုး၊ အုတ်ကာ ဆိုင်ခန်း (၁၇)ခန်း မီးလောင်ခံရပြီး ဆေးနှင့်ဆေးပစ္စည်း၊ ဟမ်းဆက်နှင့်ဆက်စပ်ပစ္စည်းများ၊ ကွမ်းယာပစ္စည်း၊ စက်ဘီးနှင့်အပိုပစ္စည်း၊ အလှကုန်ပစ္စည်း၊ ကားပစ္စည်းမျိုးစုံ၊ ဆန်အိတ်များ မီးလောင်ခဲ့ကြောင်း၊ ယင်းမီးလောင်မှုနှင့်ပတ်သက်၍ ဆိုင်ရှင် ဦးစောချယ်ရီဘတ်အား လွိုင်ကော်မြို့နယ်ရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

လွိုင်ကော်ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်ရှိ လိုင်းပေါင်းစုံ စုပေါင်းကားဂိတ် မီးလောင်မှုဖြစ်ပွား  လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်ရှိ လိုင်းပေါင်းစုံ စုပေါင်းကားဂိတ် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 10:53 Rating: 5
Powered by Blogger.