ဗြိတိန် - မြန်မာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံ တရားရုံးချုပ် ဥက္ကဋ္ဌ Lord Neuber ger ဦးဆောင်သော အဖွဲ့အား တွေ့ဆုံ

နေပြည်တော် သြဂုတ် ၂၂

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ ဗြိတိန်နိုင်ငံ တရားရုံးချုပ် ဥက္ကဋ္ဌ Lord Neuber ger ဦးဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲ (၃)နာရီ (၄၅)မိနစ်တွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့် ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ဒုတိယ၀န်ကြီး ဦးကျော်တင်၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Myanmar State Counsellor Office
https://www.facebook.com/state.counsellor/
ဗြိတိန် - မြန်မာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး ဗြိတိန် - မြန်မာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး Reviewed by THITHTOOLWIN on 17:48 Rating: 5
Powered by Blogger.