မိုးကြီးပြီး လေပြင်းတိုက် တာကြောင့် ရှမ်းပြည်နယ်မှာ လူနေအိမ်နဲ့ အဆောက်အအုံ ၁၅၀ ကျော် ပျက်စီး

မိုးကြီးပြီး လေပြင်းတိုက်တာကြောင့် ရှမ်းပြည်နယ်မှာ ပျက်ဆီးသွားတဲ့လူနေအိမ်တချို့ကို တွေ့ရစဉ်။ Photo: ကိုရန်နိုင်
ရှမ်းပြည်နယ် မိုင်းဖြတ်၊ တာချီလိတ်၊ ကျိုင်းတုံ၊ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ် စတဲ့ မြို့နယ်တွေမှာ ပြီးခဲ့တဲ့နှစ်ရက်လောက်ကစပြီး မိုးကြီးပြီး လေပြင်းတိုက်ခဲ့ တာကြောင့် လူနေအိမ်နဲ့ အဆောက်အအုံ ၁၅၀ ကျော် ပျက်စီးသွားပြီး လူ ၂ ဦးသေဆုံးခဲ့တယ်လို့ ရှမ်းပြည်နယ် ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဦးစီးမှူးရုံး က ပြောပါတယ်။

ကျောက်မဲမြို့နယ်မှာ မိုးကြိုးပစ်တာကြောင့် နေအိမ် ၃ လုံး မီးလောင်ကျွမ်းရာမှာ လူ ၂ ဦး သေဆုံးသွားတာဖြစ်တယ်လို့ ရှမ်းပြည်နယ် ကယ်ဆယ်ရေးနဲ့ ပြန် လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင် က ပြောပါတယ်။

အိမ်အမိုးပျက်စီးသွားတဲ့ နေအိမ်တွေအတွက် ငွေကျပ် ၂ သောင်းစီနဲ့ လုံးဝပြိုလဲသွားတဲ့ နေအိမ်တွေအတွက် ငွေကျပ် ၅ သောင်းစီ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေ ရာချထားရေး ဦးစီးဌာနက ထောက်ပံ့ပေးထားပါတယ်။

ဒါ့အပြင် လုံချည်၊ စောင်ခြင်ထောင်၊ ဆပ်ပြာ၊ ဇလုံ၊ အ၀တ်အထည် စတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ စားနပ်ရိက္ခာအတွက် ဆန်တွေလည်း ထောက်ပံ့ပေးထား ပါတယ်။

ရှမ်းပြည်နယ်က မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က လေပြင်းတိုက်ရာမှာ နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန် ဘုရားကျောင်းတွေ ပျက်စီးခဲ့သလို ဓါတ်တိုင်တွေလည်း ပြိုလဲခဲ့တာ ဖြစ်ပါတယ်။

အလားတူ မိုးမိတ်မြို့နယ်မှာ မိုးများပြီး ရေကြီးရေလျှံမှုတွေကြောင့် အိမ်ထောင်စု ၂၃၀ ကျော်ဟာ နီးစပ်ရာဆွေမျိုးအိမ်တွေနဲ့ ကယ်ဆယ်ရေးစခန်းမှာ ယာယီရွှေ့ပြောင်းနေထိုင်နေကြရပါတယ်။

အရှေ့လေပွေလှိုင်းဖြတ်သန်းမှုကြောင့် ရှမ်း၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး စတဲ့တိုင်းနဲ့ ပြည်နယ်တွေမှာ မိုးကြီးနိုင်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင် က သတိပေးထားပါတယ်။

RFA Burmese
http://www.rfa.org/burmese/
မိုးကြီးပြီး လေပြင်းတိုက် တာကြောင့် ရှမ်းပြည်နယ်မှာ လူနေအိမ်နဲ့ အဆောက်အအုံ ၁၅၀ ကျော် ပျက်စီး  မိုးကြီးပြီး လေပြင်းတိုက် တာကြောင့် ရှမ်းပြည်နယ်မှာ လူနေအိမ်နဲ့ အဆောက်အအုံ ၁၅၀ ကျော် ပျက်စီး Reviewed by THITHTOOLWIN on 18:10 Rating: 5
Powered by Blogger.