နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကူမင်းမြို့ ရောက်ရှိ


ယနေ့ ဒေသစံတော်ချိန် ၀၉:၀၀ နာရီတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရှန်ရှီးပြည်နယ်၊ ရှီအန်းမြို့အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ထွက်ခွာခဲ့ပြီး ကူမင်းမြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒေသစံတော်ချိန် ၁၁:၃၀ နာရီတွင်ရောက်ရှိကြောင်း သိရှိရပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ခေါင်း ဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ် ၊ ယူနန်ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ က ကြိုဆိုခဲ့ပါသည်။


မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကူမင်းမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ နေ့လည်ပိုင်းတွင် ဆက်လက်ထွက်ခွာမည်ဖြစ်ပါသည်။

ဓါတ်ပုံ- မြန်မာသံရုံး ၊ ပေကျင်းမြို့
https://www.facebook.com/mofamyanmar
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကူမင်းမြို့ ရောက်ရှိ  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကူမင်းမြို့ ရောက်ရှိ Reviewed by THITHTOOLWIN on 13:17 Rating: 5
Powered by Blogger.