သြဂုတ် ၂၀ /DNJ
သြဂုတ်လ ၁၉ ရက်နေ့ နစ်မြုပ်ခဲ့သည့် ရသေ့တောင်မြို့နယ် ဈေးကုန်တန်းကူးတို့လှေနစ်မြုပ်မှုဖြစ်စဉ်အတွင်း ကူးတို့လှေမောင်းသူမှာ ခတ္တတိမ်းရှောင်းနေရာမှ သြဂုတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီးအချိန်က ရသေ့တောင်မြို့နယ်ရဲစခန်း၌ လာရောက်အဖမ်းခံခဲကြောင်းသိရသည်။
အဆိုပါလှေမောင်းသူမှာ ဦးထွန်းဝင်း အသက် ၃၅ နှစ် (ဘ)ဦးသိန်းမောင်အား စေတီပြင်ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၂၃၀ ဖြင့်လက်ရှိအမှုဖွင့်လှစ်ဆောင်ရွက်ထားရှိပြီး တရားခံကို ရသေ့တောင်မြို့နယ် ရဲစခန်းတွင်ထိန်းသိမ်းထားကြောင်း စေတီပြင်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
လက်ရှိအချိန်တွင် ပျောက်ဆုံးနေသည့် ကလေးများ၏အ လောင်းကို ဝိုင်းဝန်းရှာဖွေလျက်ရှိကြကာ ယခုအချိန်ထိ ရှာဖွေရရှိမှု မရှိသေးကြောင်းလည်းသိရသည်။
Development Media Group
https://www.facebook.com/DevelopmentNJ
ကူးတို့လှေနစ်မြုပ်မှု တရားခံလာရောက်အဖမ်းခံ
Reviewed by THITHTOOLWIN
on
13:21
Rating:
