![]() |
( ကော်ဖီပင်များကို တွေ့ရစဉ် ) Photo: RFA |
မြန်မာ့ ကော်ဖီကို တင်သွင်းသူ အဲလ်လာဂရို ကော်ဖီကုမ္ပဏီတာဝန်ရှိသူတစ်ဦးက မြန်မာနိုင်ငံက ကော်ဖီကို အထူး ကော်ဖီအနေနဲ့ ရောင်းချသွားမယ်လို့ ပြောလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်လောက်က မြန်မာနိုင်ငံက ကော်ဖီကို အမေရိကန်ဈေးကွက်ထဲ တင်ပို့ဖူးပါတယ်။
သို့သော်လည်း အနည်းအကျဉ်းသာ ဖြစ်ပါတယ်။ အခုတင်ပို့တဲ့ ကော်ဖီဟာ လွန်ခဲ့တဲ့ ၂ နှစ် ကတည်းက အမေရိကန်အစိုးရ အေဂျင်စီ USAID က မြန်မာနိုင်ငံက ဘိန်းစိုက် တောင်သူတွေ ကော်ဖီစိုက်ဖို့ကူညီခဲ့တဲ့ နောက်ဆက်တွဲ အသီးအပွင့်ဖြစ်ပါတယ်။ USAID ဟာ ကော်ဖီစိုက်တောင်သူ တစ်ထောင်ကျော်နဲ့ မြေဧက ၂၅၀၀ မှာ စိုက်ပျိုးနေတာဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
မြန်မာ့ကော်ဖီ အမေရိကန်ဈေးကွက်ဝင်
Reviewed by THITHTOOLWIN
on
17:02
Rating:
