ပြွန်တန်ဆာမြို့ စံဖဲကျေးရွာအနီး ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်


ညောင်လေးပင် သြဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ စံဖဲ ကျေးရွာအနီးတွင် သြဂုတ် ၁၆ ရက် မွန်းလွဲ ၁၂ နာရီကျော်ခန့် က ရန်ကုန်-ညောင်လေးပင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်း မှောက်ခဲ့သည်။

ညောင်လေးပင်မြို့နယ် ရန်ကုန်-မန္တလေး ကားလမ်း ဟောင်း မိုင်တိုင်အမှတ်(၉၅/ဝ)နှင့် (၉၅/၁)အကြား ရန်ကုန်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ကိုအေးထိုက် ကတုတ်ဘုရားကြီးကျေးရွာ ဒိုက်ဦးမြို့နေ မောင်းနှင်ပြီး ယာဉ်နောက်လိုက် ကိုအောင်ခန့် ဒိုက်ဦးမြို့နယ်နေနှင့် ခရီးသည် ဦးသန်းဝင်း-ဒေါ်သိန်းသိန်းဦး ညောင်လေးပင်မြို့ ပုဇွန်မြောင်းရွာတို့ လိုက်ပါလာသော 5H/---- ငမိုးရိပ်ယာဉ်လိုင်း မီနီဘတ်စ်ယာဉ်သည် တိုက်ရော့ပြုတ် ထွက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ တိမ်း မှောက်ခဲ့သည်။

 လူသေဆုံးမှုမရှိဘဲ ခရီးသည်နှစ်ဦးသာ (မစိုးရိမ်ရ)ဒဏ်ရာရရှိ၍ ညောင်လေးပင်ဆေးရုံသို့ ပို့ဆောင် ကုသပေးလျက်ရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ပြွန်တန်ဆာနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


နေလင်း(ညောင်လေးပင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပြွန်တန်ဆာမြို့ စံဖဲကျေးရွာအနီး ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်  ပြွန်တန်ဆာမြို့ စံဖဲကျေးရွာအနီး ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက် Reviewed by THITHTOOLWIN on 11:09 Rating: 5
Powered by Blogger.