အိုလံပစ် ပြိုင်ပွဲဝင်မယ့် မော်ရိုကို နိုင်ငံသား လက်ဝှေ့ သမား မုဒိန်းကျင့် ရန် ကြံစည်မှုနဲ့  အဖမ်းခံရ


Breaking news on 5August 2016

ဘရာဇီးနိုင်ငံ မှာ ကျင်းပနေတဲ့ ၂၀၁၆ အိုလံပစ် ပွဲမှာ အငယ်တန်း လက်ဝှေ့ ပွဲ ၀င်ပြိုင်မယ့် မော်ရိုကို နိုင်ငံသား Saada Hassan ဆာဒါ ဟတ်စန် အသက် (၂၂) နှစ်ကို အိုလံပစ်ဖွင့်ပွဲ မကျင်းပခင် တစ်နာရီသာ လိုတော့တဲ့ အချိန်မှာ ဘရာဇီး ရဲတွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။


အားကစားသမားတွေကို နေထိုင်ဖို့ စီစဉ်ပေးထားတဲ့ Olympic Village အိုလံပစ်ရွာ က တိုက်ခန်းတွေမှာ တာဝန်ယူပေးနေကြတဲ့ သန့် ရှင်းရေး ၀န်ထမ်း အမျိုးသမီးနှစ်ဦးကို ဟတ်စံက အင်အားသုံးပြီး သူနဲ့  အတူအိပ်ဖို့ ကြိုးစားခဲ့ တာဖြစ်ပါ တယ်။


လက်ဝှေ့ သမားဟာ သူ့ အခန်းကို လာကြည့်ဖို့  room service အခန်းသန့် ရှင်းရေးအမျိုးသမီးကိုခေါ်ခဲ့ပါတယ်၊ အမျိုးသမီးက သန့် စင် ခန်းမှာ သန့် ရှင်းရေး လုပ်နေတုံး ဟာစန်က အတင်းအကြပ် အင်းအားသုံး ပြီး အိပ်ယာပေါ် ဆွဲခေါ်သွားခဲ့ တယ်လို့  အမျိုးသမီး နှစ်ဦးက ရဲစခန်းမှာ တိုင်ချက်ဖွင့် ခဲ့ပါတယ်။

ပြစ်မှုကျူးလွန်တာ မှန်ကန်တယ်ဆိုရင် လက်ဝှေ့ သမားဟာ ထောင်ချခံရမှာ ဖြစ်ပြီး ပြိုင်ပွဲဝင်ခွင့် လည်း ပိတ်ပင်ခံရမှာဖြစ်တယ်လို့  Detective Rodrigo Amorim ရဲစုံထောက် က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

Social Action for Women - SAW
အိုလံပစ် ပြိုင်ပွဲဝင်မယ့် မော်ရိုကို နိုင်ငံသား လက်ဝှေ့ သမား မုဒိန်းကျင့် ရန် ကြံစည်မှုနဲ့  အဖမ်းခံရ  အိုလံပစ် ပြိုင်ပွဲဝင်မယ့် မော်ရိုကို နိုင်ငံသား လက်ဝှေ့ သမား မုဒိန်းကျင့် ရန် ကြံစည်မှုနဲ့  အဖမ်းခံရ Reviewed by THITHTOOLWIN on 04:14 Rating: 5
Powered by Blogger.