ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်၊ တောင်နီကျေးရွာနေ မိသားစုဝင် ၃ ဦးအား သြဂုတ်လ ၁၉ ရက် ညပိုင်း(ခန့်မှန်း)က အသတ်ခံရမှုဖြစ်ပွားခဲ့ပြီး ယနေ့ ၂၁ ရက်တွင် အိမ်နီးချင်းများမှ တွေ့ရှိခဲ့ကာ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သဖြင့် အသတ်ခံရသည့်မိသားစုဝင် ၃ ဦး၏ အလောင်းများအား တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်၍ လူသတ်တရားခံအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှ ဆောင်ရွက်လျှက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai/
တောင်ကြီးမြို့ နယ်မှာ သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ပွား
Reviewed by THITHTOOLWIN
on
08:44
Rating:
