(ရှမ်ပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ဟိုနားကျေးရွာမှာ အစိုးရတပ်နဲ့ TNLA တပ် တိုက်ပွဲတွေကြောင့် ဒဏ်ရာရခဲ့သူနှစ်ဦးကို လားရှိုးဆေးရုံမှာ သြဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်) Photo: Kan Thar/RFA |
လားရှိုးဆေးရုံကို ရောက်ရှိနေတဲ့ နမ့်ခမ်းမြို့နယ် ဟိုနားရွာသား ကိုမိုင်းလုမ်းအောင်က ၂ယောက်စလုံးဟာ လက်နက်ကြီးထိမှန်တာလို့ ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ပန်လော်ကျေးရွာ၊ ကောင်တပ်ကျေးရွာတွေမှာလည်း လက်နက်ကြီးတွေ ကျရောက်ခဲ့တယ်လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ နမ့်ခမ်းမြို့ နဲ့  တစ်မိုင်ခန့်သာကွာဝေးတယ်လို့ ဒေသခံက ပြောပါတယ်။
TNLA က ဗိုလ်မှူးကြီး တာဖုန်းကျော်ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ နမ့်ခမ်းမြို့နားမှာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အတည်ပြုပြောပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
နမ့်ခမ်းမြို့နယ်မှာ တိုက်ပွဲဖြစ်ပွား
Reviewed by THITHTOOLWIN
on
18:24
Rating: