ဖားကန့်နဲ့ မန်စီဘက် တိုက်ပွဲဆက်ဖြစ်နေ

ဖားကန့်လမ်း တလျောက် အစိုးရ တပ် ထိုးစစ်ဆင်
ကချင် ပြည်နယ်၊ ဖားကန့်နဲ့ မန်စီ မြို့နယ် တွေထဲ အစိုးရ စစ်တပ်နဲ့ ကချင် လက်နက်ကိုင် ကေအိုင်အေ တို့ကြား တိုက်ပွဲ တွေ ဖြစ်ပေါ် နေပါတယ်။

ကချင်ပြည်နယ် ဖားကန့်၊ မန်စီ မြို့နယ်ထဲမှာ ကေအိုင်အေ တပ်မဟာ ၃ ရဲ့ တပ်ရင်း ၂၇ ရှိရာဘက်ကို အစိုးရ စစ်တပ်တွေ ဒီရက်ပိုင်း တိုက်ပွဲဖြစ်နေလို့ ဒေသခံ ပြည်သူတွေ ဘေးလွတ်ရာကို ရှောင်နေရပါတယ်။

ကေအိုင်အေ တပ်ရင်း ၂၇ အခြေစိုက်ရာ ဖားကန့် လမ်း တလျောက် အစိုးရ စစ်တပ်က အခု ရက်ပိုင်း တွေ အတွင်း ဆက်တိုက် ထိုးစစ် ဆင် နေတယ် လို့ ကေအိုင်အေ ဘက်က ပြောပါတယ်။

ကျဆုံး ဒဏ်ရာရသူတွေ ရှိသလား ဆိုတာကိုတော့ နှစ်ဘက်စလုံးက မထုတ်ပြန် သေးပါဘူး။

အခု နောက်ဆုံး ဖြစ်ပေါ် လာတဲ့ တိုက်ပွဲ တွေကြောင့် တနိုင်း လမ်းဘက်မှာ စစ်ဘေး ဒုက္ခသည် ထောင်ချီ ပြီး တိုး လာနေတယ်လို့ ဆိုပါတယ်။

ဒါကို တိုက်ဆိုင်မှု ထက် ပင်လုံ ညီလာခံ မတိုင်မီ ရည်ရွယ်ချက်နဲ့ ပစ်နေတယ်လို့ ယူဆကြောင်း ကေအိုင်အေ ၊ ကေအိုင်အို နည်းပညာအထောက်ကူပြုအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါး က ပြော ပါတယ်။

ဒါပေမဲ့လည်း မူဘောင် ဆွေးနွေးပွဲတွေမှာ အားလုံး လက်ခံနိုင်တဲ့ မူတွေကို ချနိုင်မယ် ဆိုရင် ညီလာခံကို တက်ဖို့ ဖြစ်နိုင်လိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

မြေပြင်မှာ အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ တိုက်ပွဲတွေ ပိုပြင်းထန်လာနေလို့ ညီလာခံ ဖြစ်မြောက်ဖို့ စိန်ခေါ်နေတယ်လို့လည်း ဦးဒေါင်ခါး က ပြောကြား သွားပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဖားကန့်နဲ့ မန်စီဘက် တိုက်ပွဲဆက်ဖြစ်နေ  ဖားကန့်နဲ့ မန်စီဘက် တိုက်ပွဲဆက်ဖြစ်နေ Reviewed by THITHTOOLWIN on 04:38 Rating: 5
Powered by Blogger.