ကွမ်းလုံတံတား တည်ဆောက်ရေး သဘောတူစာချုပ် ချုပ်ဆို


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံ ၀န်ကြီးချုပ် H.E. Mr. Li Keqiang တို့အကြား နှစ်နိုင်ငံဆွေးနွေးပွဲ တစ်ရပ်ကို ယနေ့ မွန်းလွဲ ၁၈း၀၀ နာရီတွင် ပြုလုပ်ခဲ့ပါသည်။


နှစ်နိုင်ငံဆွေးနွေးပွဲတွင် နှစ်နိုင်ငံ ဆက်ဆံရေး၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံအကြား ဆောင်ရွက်ဆဲစီမံကိန်းများ၊ နှစ်နိုင်ငံအကြား တပ်မတော်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး စသည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြပါသည်။


ထို့နောက် Great Hall of the People , He Bei Hall ၌ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တရုတ်နိုင်ငံ ၀န်ကြီးချုပ်တို့၏ရှေ့မှောက်တွင် သက်ဆိုင်ရာ အစိုးရကိုယ်စားလှယ်များက မြန်မာနှင့် တရုတ်နိုင်ငံတို့ အကြား ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာ ကွမ်းလုံတံတားတည်ဆောက်ရေးအတွက် Exchange of Note နှင့် စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် တို့အား လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြပါသည်။

ဓါတ်ပုံ- မြန်မာသံရုံး၊ ပေကျင်းမြို့
Ministry of Foreign Affairs Myanmar
ကွမ်းလုံတံတား တည်ဆောက်ရေး သဘောတူစာချုပ် ချုပ်ဆို  ကွမ်းလုံတံတား တည်ဆောက်ရေး သဘောတူစာချုပ် ချုပ်ဆို Reviewed by THITHTOOLWIN on 19:24 Rating: 5
Powered by Blogger.