‎ပအိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်‬ ဒုတိယတန်း ကျောင်းသူ တစ်ဦးအား အဓ္ဓမပြုကျင့် သတ်ဖြတ်မှု ဖြစ်ပွား


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ပါလောပါကယ် ကျေးရွာအုပ်စု နောင်ဆံဗတ် ကျေးရွာမှာ မနေ့ သြဂုတ် ၁၀ ညနေ ၅ နာရီ လောက်က ဒုတိယတန်း ကျောင်းသူ လေး နန်းဆိန်း ကို လူမဆန်စွာ အဓမ္မပြုကျင့်ပြီး လည်ပင်းကို ကြိုးတစ်ချောင်းနဲ့ မသေမချင်း သတ်ဖြတ် သွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။


ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားခံကို အမြန်ဆုံးဖော်ထုတ် အရေးယူနိုင်ဖို့ ဆောင်ရွက်နေပါကြောင်း ဘန်းယဉ် ရဲစခန်းမှ စခန်းမှုး ဦးစိုင်းမောင်ထွေးက ပြောကြားပါတယ်။ ပအိုးဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်မှာ သက်ငယ်မုဒိန်းကျင့် လူသတ်တဲ့ အမှု ဖြစ်တဲ့ ဒီအမှုဟာ ဒီတစ်ကြိမ်ပဲ ဖြစ်ခဲ့ဖူးကြောင်း ပြောကြား ခဲ့ပါတယ်။ မကြာခင်မှာ တရားခံကို ဖော်ထုတ် အရေးယူ ဆောင်ရွက်နိုင်ဖို့ ရဲတပ်ဖွဲ့အနေနဲ့ အစွမ်းကုန် ကြိုးစားဖော်ထုတ် အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။


နောင်သံဗတ်မှာ လုံခြုံမှုမရှိဘူး။ ပြဿနာဖြစ်တိုင်း ဘယ် အဖွဲ့အစည်း ရဲတပ်ဖွဲ့တွေက လာရောက်ကူညီမှုမရှိခဲ့ဘူး ဒီတခါမှာ မီဒီယာတွေ မကူညီဘူး ဆိုရင် ဒီအမှုက ဒီတိုင်း သာ ပြီးသွားမှာဖြစ်တယ်၊ သေသွားတဲ့ ၂တန်း ကျောင်းသူဟာ အဆင်းရဲဆုံးမို့ ဌာနဆိုင်ရာတွေ ထိထိ ရောက်ရောက် အရေးမယူ မှာကိုလည်း စိုးရိမ်ပူပန် နေကြတယ်လို့ သေသွားသူရဲ့ အတန်းပိုင်ဆရာမက ပြောပါတယ်။

ဒီလိုလူ့အခွင့်အရေး ချိုးဖောက်ခံရတာ အမြန်ဆုံး ဖော်ထုတ် အရေးယူဖို့ လိုတယ်လို့လည်းဆိုပါတယ်။ ကလေး မိဘတွေက ပအိုဝ်းတိုင်းရင်းသားမို့ မြန်မာလို မပြောတတ်ဘူး ဖြစ်ပါတယ်။

သတင်း - ဓာတ်ပုံ ။  ။ ခွန်ရာဇာ

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ