ရေဦးမြို့၌ ဂိုဒေါင်စောင့်တဲ မီးလောင်၊ တစ်ဦးသေဆုံး

ယခုဖော်ပြထားသည့် ဓါတ်ပုံ မှာ နမူနာဓါတ်ပုံသာ ဖြစ်ပါသည်။
ရေဦး သြဂုတ် ၎

ရေဦးမြို့ ဗိုလ်အောင်ဇေယျရပ်ကွက် တိုးချဲ့ (ရေဦးကုန်းကွင်း)၌ သြဂုတ် ၄ ရက် နံနက် ၂ နာရီခန့်က မြရတနာဆန် စက်အနီး ဂိုဒေါင်စောင့်တဲတစ်လုံးမီး အားမြှင့်စက်အပူလွန်ကဲရာမှ စက်ဘီး တစ်စီး၊ ဂျာလင်းဆိုင် ကယ်တစ်စီးနှင့် အမျိုးသားတစ်ဦး မီးစွဲလောင်ကာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကို မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် ဒေသခံများ၏ စုပေါင်းအားဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁၅ မိနစ်အကြာ တွင် ငြှိမ်းသတ်နိုင်ခဲ့သည်။ မီးငြှိမ်းသတ် ပြီးနောက် နယ်မြေတာဝန်မှူးနှင့် မီးသတ် တပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးရာ မီးလောင်ပြီး တဲအတွင်း၌ မကွေးတိုင်း ဒေသကြီး ယင်းဆိပ်ကျေးရွာနေ ဦးကံ ကြည် (၄၅နှစ်)မှာ ဆိုင်ကယ်ဘေးတွင် ပက်လက်အနေအထားဖြင့် မီးစွဲလောင် ဒဏ်ရာဖြင့် သေဆုံးလျက် တွေ့ရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရေဦး မြို့မရဲစခန်းက အရေးယူဆောင် ရွက်ထားကြောင်း သိရသည်။

သန်းထိုက်(ရေဦး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရေဦးမြို့၌ ဂိုဒေါင်စောင့်တဲ မီးလောင်၊ တစ်ဦးသေဆုံး  ရေဦးမြို့၌ ဂိုဒေါင်စောင့်တဲ မီးလောင်၊ တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 08:48 Rating: 5
Powered by Blogger.