တောင်တွင်းကြီးမြို့နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် နှစ်ပေါင်း (၁၅၀)ဝန်းကျင်ခန့်ရှိ ကျောင်းဆောင် ပြိုကျ
တောင်တွင်းကြီးမြို့နယ်၌ ငလျှင်လှုပ်မှုဖြစ်ပွား
တောင်တွင်းကြီး သြဂုတ် ၂၄
မန္တလေးမြို့၏ အနောက်တောင်ဘက် (၁၂၃)မိုင်ခန့်အကွာ မကွေးတိုင်း ချောက်မြို့ ၏ အနောက်ဘက် (၁၂)မိုင်ခန့်အကွာ ကိုဗဟိုပြု၍ အင်အားရစ်(ခ်ျ)တာစကေး(၆.၈)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျှင် တစ်ခု သြဂုတ်လ ၂၄ ရက် ၁၇:၀၅ အချိန်မှ ၁၇:၀၈ အချိန်အထိ မြေငလျှင်တစ်ခု လှုပ်ရှားသွားကြောင်းသိရသည်။
အဆိုပါ ငလျှင်လှုပ်ရှားမှုကြောင့် တောင်တွင်းကြီးမြို့နယ် မောင်းတိုင်(၂) ရပ်ကွက် အပိုင်(၆)ရှိ မြောက်ပြင်အရှေ့ ကျောင်းတိုက် ဆရာတော် ဦးသီလဝံသ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ နှစ်ပေါင်း (၁၅၀)ဝန်းကျင်ခန့်ကြာမြင့်သည့် အလျှား (၆၅)ပေ၊ အနံ(၄၈)ပေlအမြင့် (၄၀)ပေ ခန့်ရှိသော ရဟန်းသံဃာမနေတော့ သည့် နှစ်ထပ်တိုက်ကျောင်း ဆောင်အိုမှာပြိုကျခဲ့ကြောင်း ငလျှင်လှုပ်ရှားမှုကြောင့် လူ၊ တိရစ္ဆာန်ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းသိရှိရသည်။
နိုင်ဝင်း
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
တောင်တွင်းကြီးမြို့နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် နှစ်ပေါင်း (၁၅၀)ဝန်းကျင်ခန့်ရှိ ကျောင်းဆောင် ပြိုကျ
Reviewed by THITHTOOLWIN
on
20:29
Rating:
