အရက်ကြောင် အမျိုးသား ပုဆိုးချွတ်ပြီး၊ ဧရာဝတီတံတား(မကွေး)ပေါ်မှ ခုန်ချပျောက်ဆုံး


ဧရာဝတီတံတား(မကွေး) မင်းဘူဘက်ခြမ်းတွင် လူတစ်ဦးခုန်ချပျောက်ဆုံးခဲ့မှု သြဂုတ် ၆ ရက်ကဖြစ်ပွားခဲ့ ကြောင်း မင်းဘူးမြို့မ ရဲစခန်းမှ သိရသည်။ သြဂုတ် ၆ ရက်နံနက် နှစ် နာရီမိနစ် ၅၀ အချိန်ကမင်းဘူးမြို့နယ်၊ ဧရာဝတီတံတား(မကွေး) P 13 နှင့် P 14 အကြားတွင် လူတစ်ဦးတံတားပေါ်မှ ခုန်ချသွားကြောင်းသတင်းအရ မင်းဘူးမြို့မရဲစခန်းမှ ဒုရဲအုပ်လှဆန်းဝေနှင့်အဖွဲ့ သွားရောက်စစ်ဆေးခဲ့သည်။

 ဧရာဝတီမြစ်ထဲသို့ခုန်ချသွားသူမှာဇင်ကိုကို၊ ယာဉ်မောင်း၊ဆိုလာပြားစီမံ ကိန်း(လေးပင်နှင့်ဇီးအိုင်အကြား၊မင်းဘူးမြို့နယ်)၊ ကေတုမတီမြို့သစ်၊တောင်ငူမြို့နေသြူုဖစ်ကြောင်း စစ်ဆေးသိရှိခဲ့ပြီး ဖြစ်စဉ်မှာ သြဂုတ် ငါး ရက် နံနက်(၁၁)နာရီခွဲအချိန်က ဇင်ကိုကိုသည် အလုပ်အတူလုပ်ကိုင်သူများဖြစ်ကြသော အစ်ကိုဝမ်းကွဲဖြစ်သူပြည့်ဖြိုးဝင်း၊အမှတ်(၂)ရပ်ကွက်၊တောင်ငူမြို့နေသူ၊ဇင်မင်းထူး၊ ကေတုမတီမြို့သစ်၊တောင်ငူမြို့၊စည်သူထွန်း၊အသက်(၁၈)နှစ်၊မိတ္ထီလာမြို့နေသူတို့(၃)ဦးနှင့်အတူ မင်းဘူးမြို့၊ဂိုလ်းဒင်းစတားဘီယာဆိုင်တွင် ဘီယာသောက်ပြီး ၃၃ယ/-----ကန်ဘို၁၁၀အနက်ရောင်ဆိုင်ကယ်ဖြင့်ဇင်ကိုကိုမှမောင်းနှင်ပြီးနောက်မှ သုံး ဦးလိုက်ပါလျှက်မကွေးမြို့ဘက် သို့သွားရောက်စဉ် ဧရာဝတီတံတား(မကွေး) P 13 နှင့် P 14အကြားအရောက်တွင် ဇင်ကိုကိုမှ အရက်ကြောင်ကြောင်၍ ဆိုင်ကယ်ရပ်ပြီး ပုဆိုးချွတ်ကာ တံတားဘောင်ပေါ်တက်၍ ဧရာဝတီမြစ်အတွင်းသို့ ခုန်ချသွားကြောင်း အတူသွားရောက်သည့်ပြည့်ဖြိုးဝင်း ၊ဇင်မင်းထူး၊ စည်သူထွန်းတို့ သုံး ဦး၏ပြောပြချက်သိရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအမျိုးသားဧရာဝတီမြစ်အတွင်း ပျောက်ဆုံးသွားခဲ့မှုနှင့် ပက်သက်၍မင်းဘူးမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များ နှင့် မင်းဘူးမြိ့နယ်ကျွဲသိုးမြောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ပါဝင်သောရွာသားများ ဧရာဝတီမြစ်ကမ်းတစ်လျှေက်ရှာဖွေမှုများပြု လုပ် လျှက်ရှိကြောင်းသိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
အရက်ကြောင် အမျိုးသား ပုဆိုးချွတ်ပြီး၊ ဧရာဝတီတံတား(မကွေး)ပေါ်မှ ခုန်ချပျောက်ဆုံး  အရက်ကြောင် အမျိုးသား ပုဆိုးချွတ်ပြီး၊  ဧရာဝတီတံတား(မကွေး)ပေါ်မှ ခုန်ချပျောက်ဆုံး Reviewed by THITHTOOLWIN on 16:43 Rating: 5
Powered by Blogger.