ခင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေ ၀င်ရောက်သဖြင့် အိမ်ထောင်စု(၁၆၆)အိမ် ပြောင်းရွှေ့


ခင်ဦး သြဂုတ် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကဘွက်ကျေးရွာအုပ်စုနှင့် ရုံးပင်ကျေးရွာအုပ်စုတို့တွင် ဇူလိုင်လ ၂၉ ရက်နေ့က ဧရာဝတီမြစ်ရေ ၀င်ရောက်ခဲ့ရာ သြဂုတ်လ ၁ ရက်နေ့ထိ အိမ်ထောင်စု ၅၀၂ အိမ် ရေ၀င်ရောက်ခဲ့ပြီး အိမ်ထောင်စု ၁၆၆ အိမ် ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
အဆိုပါ ဧရာဝတီမြစ်ရေ၀င်ရောက်ခဲ့မှုကြောင့် ကဘွက်ကျေးရွာအုပ်စုတွင် သီးနှံ (၅) ဧက၊ ရုံးပင်ကျေးရွာ အုပ်စုတွင် သီးနှံ (၈၆) ဧက စုစုပေါင်းဆုံးရှုံးမှု ခန့်မှန်းတန်ဘိုး ငွေကျပ်(၃၆၉၄၅၀၀) ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မြစ်ရေ၀င်ရောက်ခဲ့သည့် ကျေးရွာများသို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးမောင်ထူး၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များကသွားရောက်ပြီး ကူညီ ဆောင် ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ခင်ဦးစိုးဝေ
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ခင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေ ၀င်ရောက်သဖြင့် အိမ်ထောင်စု(၁၆၆)အိမ် ပြောင်းရွှေ့  ခင်ဦးမြို့နယ်၌ ဧရာဝတီမြစ်ရေ ၀င်ရောက်သဖြင့် အိမ်ထောင်စု(၁၆၆)အိမ် ပြောင်းရွှေ့ Reviewed by THITHTOOLWIN on 16:51 Rating: 5
Powered by Blogger.