အသေးစား အလတ်စားတွေကို ကျပ်ဘီလီယံ ၃၀ ထုတ်ချေးမည်

ရန်ကုန်မြို့ရှိ အသေးစားအိတ်ချုပ်လုပ်ငန်း တစ်ခုကိုတွေ့ရစဉ်
ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA နဲ့ အစိုးရတို့ ပူးပေါင်းပြီး ပုဂ္ဂလိကဘဏ် ၆ ခုက တဆင့် အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းရှင်တွေကို ၅ နှစ်သက်တမ်းနဲ့ ငွေကျပ်ဘီလီယံ ၃၀ ထုတ်ချေးပေးသွားမယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။

ငွေချေးယူရာမှာ အပေါင်ပစ္စည်းအနေနဲ့ မြေနဲ့အဆောက်အဦးအပြင် တခြားအပေါင်ပစ္စည်းတွေနဲ့ပါ ချေးယူလို့ ရမှာဖြစ်တယ်လို့ အဲဒီအစီအစဉ်ကို ဆောင်ရွက်နေတဲ့ စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်း က ပြောပါတယ်။

မြေနဲ့အဆောက်အဦး အပေါင်ထားသူတွေက အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ တခြားအပေါင် ပစ္စည်းထားရှိသူတွေက အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းအပြင် အာမခံကြေးအဖြစ် ၂ ဒသမ ၅ ရာခိုင်နှုန်း ထပ်တိုးပေးရမှာ ဖြစ်ပါတယ်။

လုပ်ငန်းအလိုက် ကျပ်သိန်း ၁၅၀ ကနေ ကျပ်သိန်း ၅ထောင်အထိ ချေးယူနိုင်မှာဖြစ်ပါတယ်။

မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်၊ သမ၀ါယမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းများ ဖွံဖြိုးတိုး တက်ရေးဘဏ်တို့မှာ ချေးယူနိုင်မှာဖြစ်ပြီး ချေးငွေအတွက် လျှောက်လွှာဖောင်တွေ တောင်းယူနိုင်ပြီဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
အသေးစား အလတ်စားတွေကို ကျပ်ဘီလီယံ ၃၀ ထုတ်ချေးမည်  အသေးစား အလတ်စားတွေကို ကျပ်ဘီလီယံ ၃၀ ထုတ်ချေးမည် Reviewed by THITHTOOLWIN on 20:12 Rating: 5
Powered by Blogger.