မိုင်းဖြတ်မြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ လဲပြိုပြီး နေအိမ်အချို့ပျက်စီး


မိုင်းဖြတ် ၊ သြဂုတ် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်း သြဂုတ် ၁၉ ရက် ညနေ ၆နာရီခွဲ က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျိုင်းတုံ-တာချီလိတ်လမ်းမကြီးပေါ်တွင် လျှပ်စစ်မီးတိုင်နှင့် သစ်ပင်များလဲပြို ကျိုးကျပြီး၊ မီးကြိုးများပြတ်တောက်ခဲ့ကာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် လူနေ အိမ်(၃၄)အိမ်၊ စာသင် ကျောင်း (၂)ကျောင်း၊ ဘုရားရှိခိုးကျောင်း (၂)ကျောင်းနှင့် စပါးကျီ(၃)လုံးထိခိုက်ပျက်စီးဆုံးရှုံးမှုရှိကြောင်းသိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကျိုင်းတုံ-တာချီလိတ် လမ်းမကြီးပေါ် တွင် လဲပြိုကျိုးကျပျက်စီး၍ ပိတ်နေသော သစ်ပင်များ၊လျှပ်စစ် မီးတိုင် နှစ် တိုင်နှင့် မီးကြိုးများအား ခရီးသွားပြည်သူများ အချိန်ကြံ့ကြာမှုနှင့် အခက်ခဲမရှိ ခရီးသွား လာရေး အဆင်ပြေမှုရှိစေရန်အတွက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းသက်ဦး ၊ မြိ့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်လွင် တို့ ဦးဆောင် မှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့များ၊ မြို့နယ် စည်ပင် သာယာရေး ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများက ချက်ချင်းရှင်းလင်းဆောင် ရွက်ပေး ခဲ့သည်။


ထို့အပြင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဆားလို့ကျေးရွာ အုပ်စု၊ နမ့်ဟွေ လုံကျေးရွာတွင် ဘုရားရှိခိုးကျောင်း၊ အခြေခံ ပညာ မူလတန်းကျောင်း နှင့် လူနေအိမ် သုံးလုံး အမိုးလန်ပျက်စီး၍ စပါကျီ တစ်လုံး လဲပြိုပျက်စီးခြင်း ၊ တောညုကျေးရွာအုပ်စု တောညု ကျေးရွာတွင် လူနေအိမ်တစ်လုံ အမိုးလန်ပျက်စီးခြင်း၊ ဝမ်လုံးကျေးရွာအုပ်စု နားမွန်းကျေး ရွာတွင် ဘုန်းကြီးကျောင်းလမ်းပျက်စီးခြင်း၊ လူနေအိမ် တစ်လုံးပြိုကျခြင်း၊ လူနေ အိမ် သုံးလုံး အုတ်ကြွှပ်အမိုးပျက်စီးခြင်း ၊ မကာကျေးရွာတွင် လူနေအိမ် သုံးလုံး အုတ်ကြွှပ် အမိုးလန်ပြီး စာသင်ကျောင်း သွပ်အမိုးလန်ပျက်စီးခြင်း ၊ ပါညုကျေးရွာတွင် လူနေအိမ်တစ်လုံး အုတ်ကြွှပ် အမိုးလန်ခြင်း၊ ဆီမွန်းကျေးရွာအုပ်စု လကတ်ကျေးရွာတွင် လူနေအိမ်နှစ်လုံးနှင့် စာသင်ကျောင်း သွပ်မိုးဒိုင်းမျှားလန်ပျက်စီး ခြင်း၊ နမ့်ယွန်းကျေးရွာအုပ်စု နမ့်ယွန်းကျေး ရွာတွင် လူနေအိမ်သုံးလုံးသွပ်မိုးလန်ပြီး တစ်လုံးမှာအမိုးအကာ ပျက်စီး ခဲ့ခြင်း ၊ နမ့်ကုန်းကျေးရွာအုပ်စု ဟောင်ဟင်ကျေးတွင် စပါးကျီ သွပ်မိုး လန်ခြင်း၊ ပါဆန်းကျေးရွာတွင် လူနေ အိမ် တစ်လုံး၊ နမ့်ကုန်းကျေးရွာတွင် လူနေအိမ် နှစ်လုံး အုတ်ကြွှပ်မိုးအနည်းငယ်လန်ခြင်း၊ ဟွေရှဲန်ကျေးရွာတွင် လုနေအိမ်တစ်လုံး အမိုးအကာပျက်စီးခဲ့ခြင်း ၊ ကောင်းမူကျေးရွာ အုပ်စု ကောင်းမူကျေးရွာတွင် လူနေအိမ် (၇)လုံး အမိုးလန်ခြင်း ၊ နှစ်လုံးမှာ အမိုးအကာလန်ပြီး တစ်လုံး အကာပျက်စီးခြင်း ၊ ကောင်းမူ ပြည်သူ့စစ်ကျေးရွာ တွင် လူနေအိမ် နှစ်လုံးအမိုးအကာလန်ခြင်း၊ တစ်လုံး သွပ် အမိုး လန်ပျက်စီးခဲ့ခြင်း၊ စုစုပေါင်း ပျက်စီးဆုံးရှုံးမှု ခန့်မှန်း တန်ဖိုး မှာ ငွေကျပ် (၄၇၁၄၀၀၀)ခန့်ရှိကြောင်းနှင့် လေဘေးသင့် အိမ်ထောင် မိသားစုများအတွက် တာဝန်ရှိ သူများက လိုအပ်ချက်များဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် ( ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

မိုင်းဖြတ်မြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ လဲပြိုပြီး နေအိမ်အချို့ပျက်စီး  မိုင်းဖြတ်မြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ လဲပြိုပြီး နေအိမ်အချို့ပျက်စီး Reviewed by THITHTOOLWIN on 13:13 Rating: 5
Powered by Blogger.