ပုသိမ်မြို့၌ ဆိုင်ကယ်ပိတ်မောင်းသည်ဟုစွပ်စွဲ ထိုးကြိတ်ရိုက်နှက်မှုဖြစ်ပွား

ဓါတ်ပုံ - facebook
ပုသိမ် သြဂုတ် ၎

ပုသိမ်မြို့ အမှတ်(၂)ရပ်ကွက် မဟာဗန္ဓုလလမ်း နာရီစင်အနီး၌ သြဂုတ် ၁ ရက်က ဆိုင်ကယ် လမ်းပိတ်မောင်းနှင်သည်ဟု စွပ်စွဲ၍ အချင်းများရာမှ ထိုးကြိတ်ရိုက်နှက်မှု ကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သြဂုတ် ၁ ရက် ည ၁၁ နာရီခန့်တွင် ထက်ဝေယံကျော်သည် ဇနီးနှင့် ၄င်း၏သူငယ် ချင်းများနှင့်အတူ ပုသိမ်မြို့ မိုးလေဝသစခန်းဘက်မှ မြို့ထဲသို့ မဟာဗန္ဓုလလမ်း အတိုင်း ဆိုင်ကယ်သုံးစီးဖြင့် မောင်းနှင်လာစဉ် နာရီစင်အနီး အမှောင်ရိပ်အရောက် ၌ ဆိုင်ကယ်နှစ်စီးမှာ လမ်းဘေးတွင် ရပ်ထားပြီး လူခြောက်ဦးခန့်က လမ်းပေါ် ပိတ်ရပ်နေကြောင်း၊ ၄င်းတို့ဆိုင်ကယ်ကိုရပ်လိုက်စဉ် လူခြောက်ဦးက လက်ထဲတွင် တုတ်များကိုင်ထားပြီး တစ်ဦးက''ဆိုင်ကယ်ကိုဘာလို့ပိတ်မောင်းတာလဲ''ဟု ပြောဆို ကာ ထက်ဝေယံကျော်အား ဝင်ရောက်ရိုက်နှက်ရာမှ အပြန်အလှန်ထိုးကြိတ်ကြ ကြောင်း၊ ထို့နောက် တစ်ဦးက ထက်ဝေယံကျော်အား ဓားဟု ယူဆရသည့်အရာဖြင့် ထိုးခဲ့ပြီး ထပ်မံရောက်ရှိလာသည့် ဝင်ရောက်ဖျန်ဖြေသူတစ်ဦးကိုပါ တုတ်များဖြင့် ရိုက်နှက်ခဲ့ကြကြောင်း၊ ထက်ဝေယံကျော်မှာ ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး ၄င်းနှင့်ပါလာသူနှစ်ဦးမှာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စခန်းမှူးနှင့်တပ်ဖွဲ့ဝင်များက အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(တိုင်းဒေသကြီး ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပုသိမ်မြို့၌ ဆိုင်ကယ်ပိတ်မောင်းသည်ဟုစွပ်စွဲ ထိုးကြိတ်ရိုက်နှက်မှုဖြစ်ပွား  ပုသိမ်မြို့၌ ဆိုင်ကယ်ပိတ်မောင်းသည်ဟုစွပ်စွဲ ထိုးကြိတ်ရိုက်နှက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 08:30 Rating: 5
Powered by Blogger.