အမြန်လမ်း၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား


ဒိုက်ဦး သြဂုတ် ၅

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တွင် သြဂုတ်လ (၅)ရက်နေ့  မွန်းလွဲ ၂နာရီ အချိန်က ရန်ကုန်- နေပြည်တော် အမြန်လမ်း မိုင်တိုင် အမှတ် ၆၅/၂ တွင် နေပြည်တော် ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ရှိုင်းခန့် မောင်းနှင် လာသောယာဉ် အမှတ် 3I_5932 ၆ ဘီး အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိ တိမ်းမှောက် သွားခဲ့ပါသည်။


အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် လူထိခိုက်ဒဏ်ရာ မရရှိသော် လည်း ဖြစ်စဉ်နှင့် ပက်သက်၍ ဥသျှစ်ကုန်း အမြန်လမ်း ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အမြန်လမ်း၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား  အမြန်လမ်း၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 02:15 Rating: 5
Powered by Blogger.