ဆေးထိုးပိုက်ကို လက်တွင်ဆုပ်လျက် လူငယ်တစ်ဦး ရေအိုင်ထဲ ဆိုင်ကယ်လဲကျသေးဆုံး


မုံရွာမြို့၊သလ္လာရပ်ကွက်၊ နယ်မြေ (၂)၊ ဗိုလ်ချုပ်လမ်းဘေး ရေအိုင်ထဲတွင် ဆေးထိုးပိုက်အား လက်တွင်ဆုပ်လျက် ဆိုင်ကယ်လဲကျ သေဆုံးနေသော အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦး၏်အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း နယ်မြေ ရဲစခန်းမှ သတင်းရရှိသည်။


အလောင်းအား သြဂုတ် ၄ရက်နေ့ နံနက် ၇ နာရီခွဲအချိိန်တွင် လမ်းသွားလမ်းလာများမှ တွေ့ရှိ၍ ရဲစခန်းသို့ အကြောင်းကြားခဲ့ရာ နယ်မြေ ရဲတပ်ဖွဲ့မှ လာရောက်စစ်ဆေးစဉ် စက်မှုဇုန်နယ်မြေ (၂) နေထိုင်သူဖြစ်ကြောင်း သိခဲ့ရသည်။


၎င်းဖြစ်စဉ်အား မုံရွာမြို့နယ်မြေရဲစခန်းတွင် ပုံမှန်အတိုင်း ဆိုင်ကယ်လဲကျ သေဆုးံခြင်းဟုတ်မဟုတ် ဆက်လတ်စစ်ဆေးနိုင်ရန် လတ်တလောသေမှုသေခင်း (၁၀/၁၆)ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

ဓာတ်ပုံ-အင်တာနက်
‪Central News Myanmar
https://www.facebook.com/CNMyanmar
ဆေးထိုးပိုက်ကို လက်တွင်ဆုပ်လျက် လူငယ်တစ်ဦး ရေအိုင်ထဲ ဆိုင်ကယ်လဲကျသေးဆုံး  ဆေးထိုးပိုက်ကို လက်တွင်ဆုပ်လျက် လူငယ်တစ်ဦး ရေအိုင်ထဲ ဆိုင်ကယ်လဲကျသေးဆုံး Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.