အိန္ဒိယအမျိုးသားတစ်ဦး၏ ဝမ်းဗိုက်တွင်းမှ ဓားအချောင်း ၄ဝ ကို ဆရာဝန်များ ဖယ်ရှားခဲ့ရ


အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန် ဂျပ်ပြည်နယ်မှ အသက် ၄၂နှစ် အရွယ် အမျိုးသားတစ်ဦးသည် နှစ်လတာကာလအတွင်း ခေါက် ဓားမျိုးစုံအချောင်း ၄ဝကို မျိုချခဲ့ ရာ ယင်းဓားများကို အမ်ရစ္စတာမြို့ သမဝါယမဆေးရုံကြီးမှ ဆရာဝန် များက ခွဲစိတ်ဖယ်ရှားပေးခဲ့ရ ကြောင်း ခွဲစိတ်မှု၌ ပါဝင်ခဲ့သည့် ဆရာဝန်တစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ဝင် တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူ အဆိုပါ အမျိုးသား၏ ဝမ်းဗိုက်အတွင်းမှ ဓားများကို ဆရာဝန်များက ငါး နာရီကြာအချိန်ယူ ခွဲစိတ်ဖယ်ရှားခဲ့ရပြီး ခွဲစိတ်စဉ်အတွင်း အူနံရံ ဓားရှထားမှုကြောင့် ကိုယ်တွင်း သွေးယိုမှုပြဿနာနှင့် ရင်ဆိုင်ခဲ့ရ သော်လည်း ၄င်းအမျိုးသားသည် အခြေအနေကောင်းမွန်နေပြီဖြစ် ကြောင်း အေအက်ဖ်ပီသတင်းဌာန က ဖော်ပြခဲ့သည်။


ယင်းအမျိုးသားသည် ဝမ်းဗိုက် အလွန်အမင်းနာကျင်ကိုက်ခဲနေမှု ကြောင့် ပြီးခဲ့သည့်ရက်သတ္တနှစ် ပတ်က ဆေးရုံသို့ ရောက်ရှိလာခဲ့ပြီး ဆရာဝန်များက သြဂုတ် ၁၉ရက် တွင် မျိုချထားသော ဓားများကို ဖယ်ရှားပေးခဲ့ရခြင်းဖြစ်သည်။

ဓားများကို အဘယ်ကြောင့် ရေသောက်မျိုချခဲ့ရသည်ကို ၄င်း ကိုယ်တိုင် နားမလည်နိုင်ကြောင်း၊ ယင်းဖြစ်စဉ်၏ နောက်ကွယ်၌ သဘာဝလွန် အင်အားတစ်ခုရှိနေ နိုင်ကြောင်း ထူးထူးဆန်းဆန်း ဓားများကိုမျိုချခဲ့သူ အမျိုးသားက ဆရာဝန်များအား ပြောကြားခဲ့ သည်။

သို့သော် ဆရာဝန်များက ယင်း အမျိုးသားသည် စိတ်ဝေဒနာတစ်မျိုးခံစားခဲ့ရဖွယ်ရှိကြောင်း၊ မိမိတို့၏ လုပ်သက်တစ်လျှောက် ဓားမျိုချသည့်ဖြစ်စဉ်မျိုး မတွေ့ဖူး ခဲ့ကြောင်း သုံးသပ်ထားသည်ဟု သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
အိန္ဒိယအမျိုးသားတစ်ဦး၏ ဝမ်းဗိုက်တွင်းမှ ဓားအချောင်း ၄ဝ ကို ဆရာဝန်များ ဖယ်ရှားခဲ့ရ  အိန္ဒိယအမျိုးသားတစ်ဦး၏ ဝမ်းဗိုက်တွင်းမှ ဓားအချောင်း ၄ဝ ကို ဆရာဝန်များ ဖယ်ရှားခဲ့ရ Reviewed by THITHTOOLWIN on 08:41 Rating: 5
Powered by Blogger.