ခင်ဦးမြို့နယ် မကျီးတုံကျေးရွာ၌ လူသတ်မှု နောက်ဆုံးရသတင်း

 တရားခံများဖြစ်သော ဦးထိန်လင်း ဦးအောင်မြင့်ထွန်းနှင့်မောင်ထွန်းထွန်း တို့(၃)ဦးအား ဖမ်းဆီးထား
ခင်ဦးမြို့နယ် မကျီးတုံကျေးရွာ၌ လူသတ်မှုဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် မကျီးတုံကျေးရွာ၌ သြဂုတ်(၉)ရက်နေ့ ညနေ(၅)နာရီခွဲခန့်က လှည်းလမ်းကို အကြောင်းပြု၍ စကားများ အငြင်းပွားရာမှ ယောင်္ကျားဖြစ်သူ သေဆုံး၍ ဇနီး ဒါဏ်ရာရရှိမှု ဖြစ်ပွားကြောင်း သိရသည်။


ဖြစ်စဉ်မှာ (၉.၈.၂၀၁၆)ရက်နေ့ ညနေ ၅ နာရီခွဲခန့်က မကျီးးတုံကျေးရွာ အရှေ့ဘက် ရေကန်ကြီး တောင်ဘက် ကားလမ်းတောင်ဘက်ခြမ်းရှိ ထိန်လင်း ၄၈ နှစ် (ဘ)ဦးသာလွင် တောင်သူ မကြီးတုံ ကျေးရွာနေသူ၏ ယာကွက်ထဲသို့ အရှေ့ဘက် ယာကွက်ချင်း ကပ်နေသူ ဦးမောင်ကို (ဘ)ဦးပေါမောင် တောင်သူ မကျီးတုံကျေးရွာနေသူမှ နွားလှည်း မောင်း နှင်ပြီး ဇနီးဖြစ်သူ ဒေါ်ဌေးကြည် ၄၀ နှစ်l (ဘ)ဦးအောင်ငြိမ်းl တောင်သူ မကျီးတုံကျေးရွာနေသူ လိုက်ပါလာသောလှည်းမှ ဖြတ်မောင်းသည်ကို တားမြစ်ပြောဆိုရာ၌ စကားများအငြင်းပွားကြကြောင်းl ဦးမောင်ကိုမှလှည်ပေါ်ပါလာသောဓားရှည်ဖြစ်လှမ်းခုတ်ရာ အရှိန်မထိန်နိုင်ပဲလှည်းပေါ်မှပြုတ်ကျကာ ဦးထိန်လင်းက အသင့်ကိုင်ဆောင်ထားသော ပေါက်ပြားဖြင့်ခုတ်ရာ ဦးမောင်ကိုတွင် လည်ပင်းရှေ့ ပြတ်ရှ ဒဏ်ရာဖြင့် သေဆုံးသွားကြောင်းl ဇနီးဖြစ်သူ ဒေါ်ဌေးကြည်ကို ညီဖြစ်သူဦးအောင်မြင့်ထွန်း(၃၈)နှစ်(ဘ)ဦးသာလွင်နှင့်သားဖြစ်သူ မောင်ထွန်းထွန်း(၁၉)နှစ်(ဘ)ဦးထိန်လင်း တို့က ဓား လှံများဖြစ်လိုက်ထိုးခုတ်သဖြစ် ကျောပြင် ဝဲဘက်ချမ်းနှင့် ညာလက်မောင်းရင်း ပုခုံးအဆက် ပြတ်ရှ ဒဏ်ရာ တစ်ချက်စီ ရရှိပြီး စိုးရိမ်ရ၍ ခင်ဦး ဆေးရုံ၌ ဆေးကုသ နေကြောင်းl တရားခံများဖြစ်သော ဦးထိန်လင်း ဦးအောင်မြင့်ထွန်းနှင့်မောင်ထွန်းထွန်း တို့(၃)ဦးအား ဖမ်းဆီးထားပြီး ခင်ဦးရဲစခန်းမှ (ပ)၂၃၂ ပုဒ်မ-၃၀၂/၃၂၆ အရအမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။

Chit San
ခင်ဦးမြို့နယ် မကျီးတုံကျေးရွာ၌ လူသတ်မှု နောက်ဆုံးရသတင်း  ခင်ဦးမြို့နယ် မကျီးတုံကျေးရွာ၌ လူသတ်မှု နောက်ဆုံးရသတင်း Reviewed by THITHTOOLWIN on 21:20 Rating: 5
Powered by Blogger.